နည်းပြဆိုးလ်ရှားရဲ့ မန်ယူအသင်းကတော့ သြစတြေးလျနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာ ကစားမယ့် ရာသီကုန်ခြေစမ်းပွဲတွေအတွက် မိုင်ပေါင်း (၂၀၀၀၀)နီးပါးလောက် ခရီးသွားရမှာဖြစ်ပါတယ်။ ဒီခရီးအကွာအဝေးက တခြားပရီးမီးယားလိဂ်ပြိုင်ဖက်အသင်းတွေရဲ့ ခြေစမ်းပွဲခရီးစဉ်တွေထက် မိုင်ပေါင်း(၅၀၀၀)လောက် ပိုများတဲ့အနေအထားဖြစ်ပြီး (၃)ပတ်အတွင်းမှာ ဒီခရီးအကွာအဝေးအတိုင်း သွားရဖို့ရှိနေခဲ့တာပါ။

မန်ယူအသင်းဟာ မန်ချက်စတာကနေ မိုင်ပေါင်း(၉၀၀၀)ကျော်ဝေးတဲ့ သြစတြေးလျနိုင်ငံကို ခရီးစထွက်ရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ သြစတြေးလျကနေ မိုင်ပေါင်း (၂၅၀၀)ကျော်ဝေးတဲ့ စင်ကာပူကို ခရီးဆက်လက်ထွက်ခွာရမှာပါ။

TheSun

အဲဒီနောက်မှာမှ စင်ကာပူကနေ မိုင်ပေါင်း (၂၅၀၀)ဝေးတဲ့ ရှန်ဟိုင်းကို ထွက်ခွာရမှာဖြစ်ပြီး ရှန်ဟိုင်းကနေမှ နောက်ထပ် မိုင်ပေါင်း(၆၀၀၀)ဝေးတဲ့ ကာဒစ်ဖ်လေဆိပ်ကို ပြန်ရမှာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့နောက်မှာတော့ ရာသီကြိုခြေစမ်းပွဲတွေအတွက် ဒုတိယခရီးအရှည်ဆုံးသွားရမယ့်အသင်းက စပါးအသင်းဖြစ်ပြီး သူတို့က မိုင်ပေါင်း (၁၄၀၀၀)ကျော်လောက် ခရီးအကွာအဝေးကို သွားရမှာပါ။

TheSun

မန်ယူဟာ ရာသီကြိုခြေစမ်းမယ့်အသင်းတွေအဖြစ် သြစတြေးလျကလပ် ပတ်ဂလိုရီ ၊ လိဒ်ယူနိုက်တက် ၊ အင်တာမီလန်၊ အေစီမီလန်၊ စပါးတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲတွေဟာ အရေးကြီးတယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောဆိုထားပါတယ်။

“ရာသီမစတင်ခင် ကစားရမယ့်ပွဲစဉ်တွေမှာ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ လူငယ်တွေကို နေရာပေးရမယ်၊ အသင်းရဲ့ ကစားကွက်ကိုစမ်းသပ်ရမယ်၊ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေတွေကို စောင့်ကြည့်ရမယ် ။ အလုပ်တွေကတော့ အများကြီးပါပဲ။ ရာသီကြိုခြေစမ်းပွဲတွေ၊ လေ့ကျင့်ခန်းအစီအစဉ်တွေ ကောင်းကောင်းမရှိဘူးဆိုရင်တော့ အဲဒီအသင်းက လိဂ်ပြိုင်ပွဲအစမှာ ရလဒ်ကောင်းဖို့မလွယ်ဘူးလို့ ကျွန်တော်ထင်တယ်” လို့ ဆိုးလ်ရှားက ဆိုပါတယ်။

(AP Photo/Rui Vieira)

Linn

Source : TheSun

READ  ဘောလုံးလောကရဲ့ နာမည်ကျော်တဲ့ ဂျင်းဆရာတွေ