ဘောလုံးလောကရဲ့ ဘုရားသခင်လို့ ပရိသတ်တွေက မက်ဆီ ကို အမွှန်းတင်နေကြတာဟာ နောက်ဆုံးတော့ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တောင် ပါဝင်လာရတဲ့အထိပါပဲ။ လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ မက်ဆီရဲ့ စွမ်းဆောင်မှုတွေက သူမတူအောင်ကို ကောင်းမွန်လှပြီး တချို့ကလည်း ဘောလုံးလောကရဲ့ နတ်ဘုရား ၊ တချို့ကလည်း ဘုရားသခင် ဆိုပြီး ခိုင်းနှိုင်းနေကြတာပါ။

ဒါပေမယ့် အဲဒီ စကားလုံးတွေကို ပုပ်ရဟန်းမင်းကြီး ကြားပြီးတဲ့နောက်မှာတော့ သူ့ရဲ့အင်တာဗျူးတစ်ခုထဲမှာ ထည့်သွင်းဖြေဆိုရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မက်ဆီနဲ့ တစ်နိုင်ငံတည်းသားပါ။ သူက မက်ဆီရဲ့ ခြေစွမ်းကို အများသူငါတစ်ယောက်လိုပဲ ချီးကျူးခဲ့ပေမယ့် ဘုရားသခင်လို့ ပြောနေတာကတော့ နည်းနည်းလေး ပိုလွန်းတယ်လို့ ထင်နေသူပါ။

Goal

“လူတွေပြောကြတာကတော့ မက်ဆီက ဘုရားသခင် တဲ့။ သူတို့က မက်ဆီကို ချစ်ကြတယ်။ ဒါပေမယ့် တကမ်တမ်းမှာတော့ ဘုရားသခင် ကိုပဲ အရိုအသေပေးလို့ရတာပါ။ ဘောလုံးကွင်းထဲက ဘုရားသခင် ဆိုတာ သူတို့ရဲ့အမွှမ်းတင်တဲ့စကားလုံးသက်သက်ပါပဲ။ သူကစားတာ အရမ်းကောင်းပေမယ့် ဘုရားသခင်တော့ မဟုတ်ပါဘူး” လို့ ပုပ်ရဟန်းမင်းကြီးက အင်တာဗျူး တစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

မက်ဆီဟာ ဒီဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး (၄၃) ဂိုး သွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှု (၁၇)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့သူပါ။

AFP

Linn

Source : Goal

READ  PSG ဂိုးသမား ဘူဖွန် ရွေးချယ်ထားတဲ့အကောင်းဆုံးဘောလုံးအသင်း