လီဗာပူးလ်အသင်းက စပါးအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အပြီးမှာ ပရိသတ်တွေဟာ လီဗာပူးလ်တိုက်စစ်မှူးဆာလက်ကို အင်တာဗျူးလုပ်နေတဲ့သတင်းထောက်မလေး တစ်ယောက်ကြောင့် ပွဲကျခဲ့ကြရပါတယ်။

ပွဲအပြီး၊ ကွင်းထဲမှာ ရုပ်သံသတင်းထောက်မလေးတစ်ယောက်က လီဗာပူးလ်တိုက်စစ်မှူး ဆာလက်ကို အင်တာဗျူးလုပ်နေခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်ကြားမှာ မထင်မှတ်တဲ့အဖြစ်အပျက်လေးတစ်ခု ဖြစ်ပျက်သွားခဲ့တာပါ။

Twitter

ကွင်းအတွင်း ဆူညံနေကြတဲ့ လီဗာပူးလ်ပရိသတ်တွေကြောင့် သတင်းထောက်မလေးဟာ ဆာလက်ရဲ့အသံကိုကြားဖို့ အားယူခဲ့ရပြီး ဆာလက်ကိုမေးခွန်းမေးဖို့အတွက် သူ့ရဲ့မျက်နှာကို အရှေ့ဖက်ဆီ တိုးခဲ့ရတာပါ။

ဒါပေမယ့် ဆာလက်က သတင်းထောက်မလေးဟာ သူ့ကိုလာနမ်းတော့မယ်လို့ ထင်ပြီး ချက်ချင်းပဲ လက်ကာလိုက်တာကို ပရိသတ်တွေက တွေ့ခဲ့ရတာပါ။ အဲဒီနောက်မှာတော့ ဆာလက်လည်း သူထင်သလို မဟုတ်တာကြောင့် အားတုံ့အားနာဖြစ်သွားခဲ့ရပါတယ်။

Twitter

ပရိသတ်တွေကတော့ သူ့ပုံစံက “ငါ့မိန်းမဒီမှာရှိတယ်” ဆိုတဲ့ပုံစံကြီးဖြစ်နေတယ်လို့ ဟာသလုပ်နေကြပြီး တချို့ကလည်း ဆာလက်ဟာ သူ့ကိုလာနမ်းတာခံတဲ့သူမဟုတ်ပဲ သူကပဲနမ်းတဲ့သူဖြစ်တယ်လို့ ရေးသားနေကြတာပါ။

ပရိသတ်တွေ ရေးသားခဲ့ကြသလိုပဲ အဲဒီပွဲစဉ်ကို ဆာလက်ရဲ့ဇနီးသည်ဖြစ်တဲ့ မဂ္ဂီလည်း လာရောက်ကြည့်ရှုခဲ့ပြီး သူတို့နှစ်ယောက်ဟာ (၂၀၁၃)ခုနှစ်ကတည်းက လက်ထပ်ထားခဲ့ကြတာပါ။

Linn

Source : Dailymail

READ  ဖာဂူဆန်ရဲ့လက်ထောက်နည်းပြလုပ်တုန်းက အဆဲခံခဲ့ရတဲ့မိုက်ဖီလန်ရဲ့ဗီဒီယိုပြန်ပေါ်လာ