(၂၀၁၈-၁၉) ဘောလုံးရာသီဟာ အောင်မြင်မှု အသစ်တွေ ရယူဖို့ အီတလီမြေကို ထွက်ခွာသွားခဲ့တဲ့ ရော်နယ်ဒို အတွက် သိပ်ပြီး ကျေနပ်စရာကောင်းတဲ့ ရာသီမျိုး မဟုတ်ခဲ့တာ အမှန်ပါ။ စီးရီးအေရာသီအစမှာ သွင်းဂိုးတွေရဖို့ ရုန်းကန်နေရပြီး ဥရောပ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ပါဝင်နိုင်ဖို့ ခက်ခဲနေခဲ့တဲ့ ရော်နယ်ဒိုဟာ မက်ဆီ၊ ဘက်ပီ တို့ရဲ့အနောက်မှာသာ ရှိနေခဲ့ပြီး ငွေကြေးဆိုင်ရာ အောင်မြင်မှုတွေမှာလည်း ပိုပြီး လျော့နည်းလာခဲ့ပါတယ်။

ဒါက ရော်နယ်ဒိုရဲ့ အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်သလို အီတလီကိုရောက်သွားပြီးတဲ့နောက် စပိန်ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ပုံရိပ်တွေ လျော့ကျသွားတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။

Goal

ဘယ်လိုပဲပြောပြော (၂၀၁၈)ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ ၀င်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းမှာတော့ ရော်နယ်ဒိုဟာ (၂)နှစ်ဆက် ဦးဆောင်ထားတဲ့ အခြေအနေကနေ လျော့ကျသွားခဲ့ပါတယ်။

သူက အဲဒီစာရင်းမှာ နံပတ်(၂)နေရာကို ရောက်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့အထက်၊ ၀င်ငွေအကောင်းဆုံး ကစားသမားအဖြစ် မက်ဆီက ရပ်တည်နေတာပါ။

Goal

ဒီနေ့ဘောလုံးကမ္ဘာရဲ့ ၀င်ငွေအကောင်းဆုံး ကစားသမားစာရင်းမှာ မက်ဆီက ရော်နယ်ဒိုထက် အသာစီးရသွားခဲ့ပြီး တစ်နှစ်ကိုယူရို သန်း(၁၃၀) ၀င်ငွေပမာဏနဲ့ ထိပ်ဆုံးက ရပ်တည်နေတာပါ။ သူ့ရဲ့နောက်မှာတော့ ရော်နယ်ဒိုက တစ်နှစ်ကိုယူရို (၁၁၃)သန်းနဲ့ ဒုတိယ ၊ နေမာ က တစ်နှစ်ကိုယူရို (၉၁.၅)သန်းနဲ့ တတိယ အဖြစ် ရပ်တည်နေပါတယ်။

ထိပ်ဆုံး(၁၀)ယောက် စာရင်းထဲမှာ အက်သလက်ရဲ့ ဂရစ်ဇ်မန်း ၊ ရီးယဲလ်ရဲ့ ဂါရက်ဘေးလ် ၊ ဂျပန်ကလပ်ကိုရောက်ရှိသွားပြီဖြစ်တဲ့ အင်နီယေစတာ ၊ မန်ယူရဲ့အလက်ဆစ်ဆန်းချက်ဇ် ၊ ဘာစီလိုနာရဲ့ကော်တင်ဟို နဲ့ ဆွာရက်ဇ် ၊ တရုတ်လိဂ်မှာ သွားရောက်ကစားနေတဲ့ လာဗက်ဇီ တို့ ပါဝင်ခဲ့ကြပါတယ်။

Goal

၁။ မက်ဆီ-ဘာစီလိုနာ (ယူရိုသန်း၁၃၀)

၂။ စီရော်နယ်ဒို-ဂျူဗင်တပ်စ် (ယူရို ၁၁၃သန်း)

၃။ နေမာ-PSG (ယူရို ၉၁.၅သန်း)

၎။ ဂရစ်ဇ်မန်း-အက်တလက်တီကို (ယူရို ၄၄သန်း)

၅။ ဂါရက်ဘေးလ်-ရီးယဲလ်မက်ဒရစ် (ယူရို ၄၀.၂သန်း)

၆။ အင်နီယေစတာ-ဗစ်ဆယ်ကိုဘေး (ယူရို ၃၃သန်း)

၇။ အလက်ဆစ်ဆန်းချက်ဇ်-မန်ယူ (ယူရို ၃၀.၇သန်း)

၈။ ကော်တင်ဟို-ဘာစီလိုနာ (ယူရို သန်း၃၀)

၉။ လာဗက်ဇီ-ဟေဘေးဖော်ကျွန်း (ယူရို ၂၈.၃သန်း)

၁၀။ လူးဝစ်ဆွာရက်ဇ်-ဘာစီလိုနာ (ယူရို ၂၈သန်း)

၁၁။ ပီကေး-ဘာစီလိုနာ (ယူရို၂၇သန်း)

၁၂။ တိုနီကရူးစ်-ရီးယဲလ်မက်ဒရစ် (ယူရို၂၆.၃သန်း)

၁၃။ အိုဇေးလ်-အာဆင်နယ် (ယူရို၂၅.၈သန်း)

၁၄။ အမ်ဘာပေ-PSG (ယူရို၂၅သန်း)

၁၅။ အော်စကာ-ရှန်ဟိုင်းSIPG (ယူရို၂၄.၃သန်း)

၁၆။ အဂူရို-မန်စီးတီး (ယူရို၂၄.၃သန်း)

၁၇။ ဒီဘရိုင်း-မန်စီးတီး (ယူရို၂၃.၅သန်း)

၁၈။ ဟော့ခ်-ရှန်ဟိုင်းSIPG (ယူရို၂၃.၄သန်း)

၁၉။ ပေါ့ဘာ-မန်ယူ (ယူရို၂၃.၃သန်း)

၂၀။ ရာမို့စ်-ရီးယဲလ်မက်ဒရစ် (ယူရို၂၃သန်း)

Linn

Source : Goal

 

 

READ  ဆရာကျလွန်းတဲ့ အချိန်ဆွဲနည်းကို ပြသလိုက်တဲ့ ရိုမေးနီးယားဂိုးသမား