ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ ဟာပိုးလ် ဘီယာရှီဗာ နဲ့ မက္ကာဘီ နီတန်ယာ အသင်းတို့ရဲ့ ပွဲစဉ်မှာ မက္ကာဘီအသင်းတိုက်စစ်မှူး ဘီစီရက်ခ်ျရဲ့ ဘောလုံးစွမ်းရည်ဟာ ပရိသတ်တွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။

တစ်ဂိုးစီ သရေကျခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဘီစီရက်ခ်ျက အသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့တာဖြစ်ပြီး ဘီယာရှီဗာ အသင်းက (၂)မိနစ်အကြာမှာ ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့တာပါ။

Twitter

အဲဒီပွဲစဉ်မှာ မက္ကာဘီအသင်းတိုက်စစ်မှူး ဘီစီရက်ခ်ျဟာ ပြိုင်ဖက်အသင်း ကစားသမား (၄) ဦးရဲ့ ပေါင်ကြားထဲကနေ (၅) စက္ကန့်အတွင်း ဘောလုံးထည့်ပြီး လှည့်စားနိုင်ခဲ့လို့ ပရိသတ်တွေ သြဘာပေးမဆုံး ဖြစ်သွားခဲ့ပါတယ်။

ဘီယာရှီဗာ အသင်းရဲ့ ခံစစ်ကို ထိုးဖောက်ဖို့ကြိုးစားနေတဲ့ ဘီစီရက်ခ်ျဟာ ကွင်းလယ်စည်းနားမှာ ဘောလုံး လက်ခံ ရရှိသွားတာဖြစ်ပြီး သူ့ဆီကနေ ဘောလုံးလုယူဖို့ ကြိုးစားခဲ့တဲ့ ကစားသမား (၄)ယောက်ကို ဖြတ်ကျော်ခဲ့တာပါ။

Twitter

မွန်တီနီဂရိုးတိုက်စစ်မှူးဟာ လျင်လျင်မြန်မြန်နဲ့ပဲ ဘောလုံးကို ထုတ်သွားခဲ့ပြီး ပြိုင်ဖက်ကစားသမားတွေရဲ့ပေါင်ကြားတွေကနေ ဘောလုံးကိုထုတ်သွားခဲ့တာပါ။

ဒီ ဗီဒီယိုဖိုင်လေးက ဆိုရှယ်မီဒီယာတွေပေါ်မှာနာမည်ကြီးသွားခဲ့ပြီး (၅) စက္ကန့်အတွင်း လုပ်နိုင်လိုက်တဲ့ တိုက်စစ်မှူးရဲ့ဖြစ်ရပ်ဟာ ဖြစ်တောင့်ဖြစ်ခဲ ပဲလို့ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။

တချို့ကလည်း ဒီ တိုက်စစ်မှူးကို ရော်နယ်ဒိုဟိုတောင် အရှုံးပေးရမယ်လို့ ဟာသလုပ်နေကြသလို တချို့ကလည်း ကစားသမား(၃)ယောက်ရဲ့ ပေါင်ကြားထဲ ဘောလုံးထည့်ပြီးတဲ့အချိန်မှာ နောက်ဆုံးရင်ဆိုင်ရတဲ့ ကစားသမားက အလိုလို သူ့ခြေထောက်ကို ဟပေးမိရက်သားဖြစ်သွားတယ်လို့ ရယ်စရာမှတ်ချက်တွေ ပေးသွားခဲ့ကြပါတယ်။

Linn

Source : TheSun

READ  FIFA 19 ရဲ့ Cover ကနေ ဖယ်ရှားခြင်းခံလိုက်ရတဲ့ရော်နယ်ဒို