(၂၀၀၉)ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ရော်နယ်ဒို နဲ့ ကျောင်းဆရာမဟောင်းတစ်ဦးဖြစ်တဲ့ ကက်သရင်း တို့ရဲ့ အဓမ္မမှုအတွက် ရော်နယ်ဒိုရဲ့ DNA ကို ရယူစစ်ဆေးဖို့ အမေရိကန်၊ လာ့စ်ဗီးဂက်စ် ရဲဌာနက ၀ရမ်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ (၉)နှစ်အကြာက ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်မှာ ရော်နယ်ဒိုက အမျိုးသမီးအပေါ် အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး (၂၀၁၈)ခုနှစ်အတွင်းမှာ အမှုဖွင့်ခံထားခဲ့ရတာပါ။

AP

အမေရိကန်နိုင်ငံ၊ လာ့စ်ဗီးဂက်စ်ဟိုတယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်အတွက် ရော်နယ်ဒိုက ပေါင် (၁) သန်းအကုန်ခံပြီး ရှေ့နေတွေ၊ ဥပဒေဆိုင်ရာအကြံပေးတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းထားခဲ့တာပါ။ (၂၀၁၈) ခုနှစ် ဒီဇင်ဘာ မှာ အမှုရဲ့ အခြေအနေအဆုံးသတ်သွားပြီလို့ ထင်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ အမေရိကန်ရဲတပ်ဖွဲ့က စစ်ဆေးမှုတွေ ပြုလုပ်ဖို့ စတင်လိုက်တာပဲ ဖြစ်ပါတယ်။

Twitter

လာ့စ်ဗီးဂက်စ်ရဲဌာန က အီတလီနိုင်ငံတွင်းက တာဝန်ရှိသူတွေဆီကို ရော်နယ်ဒိုရဲ့ DNA ကို ရယူပေးဖို့အတွက် တောင်းခံစာတစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။

လာ့စ်ဗီးဂက်စ်ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ရဲအရာရှိ လော်ရာ ကတော့ သူတို့ရဲဌာန အနေနဲ့ ဒီအမှုကို စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီး အီတလီရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေဆီကို အကူအညီတောင်းခံစာ ပေးပို့ထားတယ်လို့ Wall Street Journal နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Dailymail

ကက်သရင်းဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ လမှာ တရားရုံးဆုံးဖြတ်ချက်တွေအရ အရေးနိမ့်သွားခဲ့ပြီး အမှုပြီးသွားပြီလို့ ထင်ခဲ့ကြပေမယ့် လာ့စ်ဗီးဂက်စ်ရဲတပ်ဖွဲ့ကတော့အမှုကို ပြန်ဖွင့်ပြီး စစ်ဆေးမှုတွေ ပြန်လည်စတင်တော့မှာဖြစ်တယ်လို့ အသိပေးသွားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ရည်းစားဟောင်းတစ်ဦးဖြစ်တဲ့ ဂျက်စမင်း လန်းနက်ဒ် ကလည်း ရော်နယ်ဒိုဟာ အဲဒီလိုအမှုမျိုးကျူးလွန်ဖို့ ဖြစ်နိုင်ချေ (၉၀)ရာခိုင်နှုန်းအထက်မှာရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

Dailymail

Linn

Source : Dailymail

 

READ  ဖာဂူဆန်ရဲ့လက်ထောက်နည်းပြလုပ်တုန်းက အဆဲခံခဲ့ရတဲ့မိုက်ဖီလန်ရဲ့ဗီဒီယိုပြန်ပေါ်လာ