ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်ဒိုင်လူကြီးတွေဖြစ်ကြတဲ့ အန်ဒရေ မာရီနာ ၊ မာတင်အက်ကင်ဆန် ၊ ကီဗင်ဖရန့်၊ ဒေးဗစ် ကူတီ ၊ ဂရေဟမ်စကော့ တို့ဟာ အင်ဒိုနီးရှားနိုင်ငံကို ရန်ပုံငွေဂေါက်သီးရိုက်ပြိုင်ပွဲတစ်ခုအတွက် သွားရောက်ရင်း အလန်းဇယားလေးတွေနဲ့ ခြေရှုပ်ခဲ့မိလို့ အခုတော့ ဒုက္ခရောက်နေကြရပါပြီ။

ဒီ (၅)ယောက်ထဲမှာ ဒေးဗစ်ကူတီ ကလွဲရင် ကျန်တဲ့ (၄)ဦးစလုံးက အိမ်ထောင်ရှင်တွေဖြစ်ကြပြီး အင်ဒိုနီးရှားက  ပါတီတစ်ခုမှာ ကဲခဲ့တဲ့ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့တာကြောင့် သူတို့ရဲ့ပုံရိပ်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။

TheSun

ကလေးတစ်ဦးရဲ့ဖခင်ဖြစ်တဲ့ အန်ဒရေ မာရီနာ ရဲ့ပုံက အဲဒီထဲမှာ အဆိုးဆုံးဖြစ်ပြီး ကပွဲကြမ်းပြင်ပေါ်မှာ မိန်းမပျိုလေးတစ်ယောက်ရဲ့ခါးကို အနောက်ကနေ သိုင်းဖက်ထားတဲ့ဓာတ်ပုံကြီး ထွက်လာတာပါ။

အဲဒီနောက်မှာတော့ ဒိုင်လူကြီး (၅)ဦးစလုံးဟာ သူတို့တည်းခိုတဲ့ ကြယ်(၄)ပွင့် ဟိုတယ်ဆီကို ကောင်မလေးတွေကို ခေါ်သွားခဲ့ကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုကြပြီး သူတို့ဟာ နံနက် (၁)နာရီလောက်အထိ ကလပ်မှာရှိနေခဲ့ကြတယ်လို့ မီဒီယာတွေဆီ သတင်းပေးခဲ့ကြတာပါ။

TheSun

သူတို့တည်းခိုတဲ့ဟိုတယ်က ဂေါက်ကွင်းနဲ့တွဲဖွင့်ထားတဲ့ ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ပြီး မာတင်အက်ကင်ဆန်တို့လူစုဟာ နောက်တစ်နေ့မှာလည်း နောက်ထပ် မိန်းမပျိုလေး (၆)ယောက်နဲ့ ကမ်းခြေဆီ အတူသွားကြတဲ့ ဓာတ်ပုံတွေ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။

TheSun

ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ အသက် (၅၀)၀န်းကျင် အင်္ဂလန်ဒိုင်လူကြီးတွေဟာ သူတို့ရဲ့ သမီးအရွယ်လောက် မိန်းကလေးတွေနဲ့ တွဲခုတ်နေကြတယ်လို့ ရေးသားခဲ့ကြပြီး လူငယ်ဘောလုံးသမားတွေအတွက်လည်းချန်ထားပါဦးလို့ ဟာသလုပ်ခံနေကြရပါတယ်။

TheSun

ဒီ ဒိုင်လူကြီးအုပ်စုဟာ (၂)ရက်ကြာ ရန်ပုံငွေဂေါက်သီးရိုက်ပြိုင်ပွဲက ရရှိငွေတွေကို အင်ဒိုနီးရှားနိုင်ငံတွင်းက ကလေးငယ်တွေအတွက် လှူဒါန်းဖို့ ပြင်ဆင်ထားတာဖြစ်ပေမယ့်လည်း သူတို့ရဲ့လုပ်ရပ်တွေကြောင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ပျက်နေခဲ့ရပြီပဲဖြစ်ပါတယ်။

TheSun

Linn

Source : TheSun

 

READ  ရာသီကြိုခြေစမ်းပွဲတွေအတွက် မိုင်ပေါင်း(၂၀၀၀၀)နီးပါးလောက်ခရီးထွက်ရမယ့်မန်ယူ