ဗြိတိန်လောင်းကစားဒိုင်ဖြစ်တဲ့ Bet365 မှာ PSG-မန်ယူ ပွဲကို လောင်းခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ သူလောင်းတဲ့ ပမာဏထက် အဆ (၁၅၀၀) အထိ ရရှိသွားခဲ့လို့ သူ့ရဲ့ရွေးချယ်မှုတွေဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

နာမည်မဖော်ပြထားတဲ့ ကံစမ်းသူဟာ သူ့ရဲ့ ဘဏ်အကောင့်ထဲကနေ (၅)ပေါင်ကို အသုံးပြုခဲ့ပြီး မန်ယူအသင်း နောက်တစ်ဆင့်တက်၊မတက် အပါအ၀င် မှန်ကန်တဲ့ရလဒ်(၆)မျိုးရအောင် လောင်းနိုင်ခဲ့တာပါ။

Youtube

သူလောင်းခဲ့တဲ့ ရွေးချယ်မှုတွေထဲမှာ မန်ယူအသင်းနောက်တစ်ဆင့်ကို တက်လိမ့်မယ် ၊ နှစ်သင်းပေါင်းကို ထောင့်ကန်ဘော(၁၀)ကြိမ်အောက်ပဲ ရလိမ့်မယ် ၊ ပထမပိုင်းရလဒ်နဲ့ ဒုတိယပိုင်းရလဒ် ၊ လူကာကူ ဂိုးသွင်းနိုင်လိမ့်မယ် ၊ ပွဲအပြီးမှာ မန်ယူအသင်း (၃-၁)နဲ့နိုင်မယ် ၊ ဒီမာရီယာ အ၀ါကတ် ပြသခံရမယ်။ စတာတွေကို ခန့်မှန်းခဲ့တာဖြစ်ပြီး သူ့ရဲ့ ခန့်မှန်းမှုအားလုံးဟာ အံ့သြဖွယ်ကောင်းလောက်အောင် မှန်ကန်သွားခဲ့တာပါ။

Twitter

အဲဒီအတွက် လောင်းကစားဒိုင်က ပေါင်(၇၅၀၀)အထိ အလျော်ပေးခဲ့ရပြီး ဒီလအတွက် အမြင့်ဆုံး လောင်းကြေးအဆ ကို ရရှိသွားသူ ဖြစ်သွားခဲ့ပါတယ်။

ဒီအကြောင်းကို Bet365 က သူတို့ရဲ့ တွစ်တာစာမျက်နှာကတစ်ဆင့် ဖော်ပြသွားခဲ့သလို ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ပျံ့နှံ့နေခဲ့ပြီး ဆရာကျလွန်းတဲ့ ရွေးချယ်မှုတွေအတွက် သူ့ကို ချီးကျူးသူတွေ အများအပြားရှိခဲ့ပါတယ်။

Twitter

Linn

Source : TheSun

READ  တက်တူးမယ်လေးနဲ့ ဇာတ်လမ်းတွေရှုပ်နေပြန်တဲ့နေမာ