ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ၂၀၁၉ ခုနှစ်ရဲ့ လေးစားအားကျမှုအခံရဆုံး အားကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ စစ်တမ်းတခုအရသိရပါတယ်။

ဗြိတိန်အခြေစိုက် နိုင်ငံတကာဈေးကွက်ရှာဖွေးရေးနဲ့ အချက်အလက်သုတေသန လုပ်ငန်းဖြစ်တဲ့ YouGov က ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဒီစစ်တမ်းမှာ နိုင်ငံပေါင်း (၄၁)နိုင်ငံက လူဦးရေ (၄၂,၀၀၀)ကျော် ပါဝင်ခဲ့ကြတာပါ။

YouGov ရဲ့ ၂၀၁၉ ခုနှစ်အတွက် လေးစားအားကျမှုအခံရဆုံး အမျိုးသားစာရင်းမှာ မိုက်ခရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်စ်က ထိပ်ဆုံးမှာရပ်တည်ခဲ့ပြီး လေးစားအားကျမှုအခံရဆုံး အမျိုးသမီးစာရင်းမှာတော့ အမေရိကန်သမ္မတကတော်ဟောင်း မီရှဲလ်အိုဘားမားက ထိပ်ဆုံးမှာရပ်တည်ခဲ့ပါတယ်။

 

ပေါ်တူဂီကစားသမား ရော်နယ်လ်ဒိုကတော့ မနှစ်ကထက် အဆင့်(၃)ဆင့်တက်ခဲ့ပြီး အဆင့်(၇)နေရာမှာရှိနေကာ နာမည်ကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ ရုရှားသမ္မတ ပူတင်၊ အီလွန်မက်စ်၊ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ထက် ပိုပြီး လေးစားအားကျမှုခံနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရော်နယ်လ်ဒိုရဲ့ အဓိကပြိုင်ဘက်လို့ ပြောရမဲ့ ပူပူနွေးနွေး FIFA The Best ဆုရှင် အာဂျင်တီးနားကစားသမား လီယွန်နယ်မက်ဆီကလည်း မနှစ်ကထက် (၂)ဆင့် မြင့်တက်လာပြီး ထိပ်ဆုံး (၁၀)ဦးစာရင်းဝင်ခဲ့ကာ အဆင့် (၉)နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

Ko Puccy
Source: YouGov

READ  သင် မြင်ဖူးမှာမဟုတ်တဲ့ ကမ္ဘာ့အရယ်ရဆုံး ဂိုးသမား