ရီးယဲလ်နောက်ခံလူ ရာမို့စ်တစ်ယောက်တော့ ဒီရက်ပိုင်း ဇာတာတွေ အတော်တက်နေပုံပါပဲ။ စပိန်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်တွေ ကစားနေတဲ့ ရာမို့စ်ဆီကို ပရိသတ်တွေက ဓာတ်ပုံတွေ ပို့ပေးနေကြပါတယယ်။ ရာမို့စ်ရဲ့ ပရိသတ်တွေ စုစည်းထားတဲ့ Group မှာ ပြိုင်ပွဲတစ်ခု လုပ်နေတာဖြစ်ပြီး ရာမို့စ်ဟာ ဘယ်သူနဲ့အတူဆုံးလဲဆိုတဲ့ ပြိုင်ပွဲပါ။

Dailymail

ရာမို့စ်ဆီကို ဓာတ်ပုံတွေ အများကြီးရောက်လာကြတဲ့အထဲက သူနဲ့တူတယ်လို့ ထင်ရတဲ့သူတွေကို ရာမို့စ်က သူ့ရဲ့တွစ်တာအကောင့်မှာ ပြန်တင်ပြီး ပြန်လည်ဖောက်သည်ချပေးနေပါတယ်။

ရာမို့စ်တစ်ယောက် ဆံပင်အရှည်ထားတုန်းက ပုံတွေဟာ ပရိသတ်တွေကြားမှာ ပို နာမည်ကြီးခဲ့ပြီး လက်ရှိ ဂျူဗင်တပ်စ်ကွင်းလယ်လူ ခီဒီယာ နဲ့ တူတယ်လို့ ပြောနေကြသလို Big Bang Theory ထဲက အမျိုးသမီးဇာတ်ဆောင် အေမီ နဲ့ တူတယ်လို့လည်း နာမည်ကြီးနေတာပါ။

Dailymail

အထူးသဖြင့် အေမီရဲ့ပုံက ရာမို့စ်နဲ့ ချွတ်စွတ်နီးပါး တူနေတာကြောင့် ပရိသတ်တွေက လှောင်ပြောင်နေကြပြီး ရာမို့စ်ဟာ လက်ရှိအချိန်မှာသာ စိတ်ကြမ်းလူကြမ်းဖြစ်နေသလောက် အရင်တုန်းက မိန်းမဆန်ပါတယ်လို့ ဟာသလုပ်နေကြတာပါ။

Dailymail

ရာမို့စ်တစ်ယောက် သဘောအကျဆုံးပုံကတော့ အမေရိကန်ရုပ်ရှင်သရုပ်ဆောင် ပါဘလို ရှရီဘာ နဲ့ တူတယ်လို့ ပြောနေကြတဲ့ပုံပဲ ဖြစ်ပြီး သူ့ရဲ့တွစ်တာအကောင့်မှာ ပါဘလို ဆီကို ရည်ညွှန်းပြီး ပရိသတ်တွေက သူတို့နှစ်ယောက်ကို တူတယ်လို့ ပြောနေကြတဲ့အကြောင်း အသိပေးတဲ့အထိ ဖြစ်ခဲ့တာပါ။

Dailymail

Linn

Source : Dailymail

READ  မန်ချက်စတာယူနိုက်တက်ကို ဘယ်လိုပြောင်းရွှေ့ဖြစ်ခဲ့သလဲဆိုတာ ဖွင့်ဟခဲ့တဲ့ မိုက်ကယ်အိုဝင်