Drake ဆိုတာ Rap ဂီတလောကမှာ အောင်မြင်မှုမှတ်တိုင်တွေ စိုက်ထူထားနိုင်တဲ့ ကမ္ဘာသိ အဆိုတော်တစ်ယောက်ပါ။ သူကိုယ်တိုင်က အားကစားမျိုးစုံကို ဝါသနာပါလွန်းသူ ဖြစ်တာကြောင့်၊ တကယ့် ကမ္ဘာကျော် ဆယ်လီတွေနဲ့ ဓာတ်ပုံရိုက်ကူးရတာမျိုးကိုလည်း အတော်လေး သဘောကျသူ ဖြစ်ပါတယ်။

ဒါပေမယ့် တိုက်ဆိုင်မှုလေလား၊ နတ်ဆိုးတွေရဲ့ ကျိန်စာလေးလား ဝေခွဲရခက်စေတဲ့ တကယ်မှန်ကန်တဲ့ အကြောင်းအရာတွေဟာ Drake နဲ့ဓာတ်ပုံတွဲရိုက်ကြသူတွေမှာ တူညီစွာ ဖြစ်လာခဲ့တာကတော့ အတော်လေး စိုးရိမ်စရာ အနေအထားပါ။ သူနဲ့ ဓာတ်ပုံတွဲရိုက်တဲ့ အသင်း၊ နာမည်ကျော် ကစားသမားတွေဟာ ရလဒ်တွေ ဆိုးရွားခဲ့ကြတာက တော်ရုံတိုက်ဆိုင်တဲ့ ကျိန်စာဆိုးတော့ မဟုတ်ပါဘူး။ တကယ့်ကို ထူးခြားဖြစ်စဉ် ဖြစ်နေပါတယ်။

Instagram

ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မတိုင်ခင်မှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်နဲ့ Drake တို့ အမှတ်တရ အာဆင်နယ်ဂျာစီကို ကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ထိုစဉ်တုန်းကတည်းက အာဆင်နယ်ပရိသတ်တစ်ချို့ဟာ ယခင်က ဖြစ်ခဲ့တဲ့ Drake Curse လို့ခေါ်တဲ့ Drake ကျိန်စာဆိုးကို ထောက်ပြခဲ့ကြပါတယ်။ တိုက်ဆိုင်စွာပဲ အာဆင်နယ်တို့ အဲဗာတန်ကို အရေးနိမ့်ခဲ့ပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကမ္ဘာကျော် ဘောလုံးသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ၊ အဂွီရိုတို့လည်း ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။ တိုက်ဆိုင်စွာပဲ ပေါ့ဂ်ဘာလည်း ဘာစီလိုနာနဲ့ပွဲမကန်ခင်မှာ ရိုက်ခဲ့တာဖြစ်ပြီး၊ လုခ်ရှောရဲ့ OG နဲ့ ဘာကာကို အရေးနိမ့်ခဲ့ရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး …

Twitter

Drake ကျိန်စာကို ကောင်းကောင်းခံခဲ့ရသူတွေရဲ့ သမိုင်းကြောင်းကလည်း အခုလို ရှိနေပါတယ် …

၂၀၁၃ – Toronto Raptors ဘက်စကတ်ဘောအသင်းဟာ Drake ကို Global ambassador အဖြစ် ခန့်အပ်ခဲ့ရာ၊ အဲဒီနှစ်မှာ ၎င်းအသင်းဟာ ဆိုးဆိုးရွားရွား ရုန်းကန်ခဲ့ရပါတယ်။

၂၀၁၄ – Kentucky ဘက်စကတ်ဘောအသင်းကတော့ တကယ့် အဆုံးအဖြတ်ပွဲမှာ Wisconsin အသင်းကို ရှုံးခဲ့ရပါတယ်။

၂၀၁၄ – Miami Heat အသင်းဟာ NBA ဖိုင်နယ်ပွဲစဉ်မှာ San Antonio အသင်းကို အရှက်ရဖွယ်ရလဒ် 4-1 နဲ့ ရှုံးခဲ့ပါတယ်။

၂၀၁၅ – ကမ္ဘာကျော်တင်းနစ်မယ် Serena Williams ကတော့ US အိုးပင်းဆီမီးဖိုင်နယ်ပွဲမှာ အီတာလျံတင်းနစ်မယ် Roberta Vinci ကို ရှုံးခဲ့ပါတယ်။

၂၀၁၆ – Johnny Manziel ကတော့ NFL ကနေ ကနဦးရွေးချယ်ခံထားရသူစာရင်းမှာ ပါဝင်ခဲ့ပေမယ့်၊ ချန်လှပ်ခံခဲ့ရပါတယ်။

၂၀၁၈ – UFC ချန်ပီယံကြီး မက်ဂရီဂေါကတော့ ပြိုင်ဘက် Khabib Nurmagomedov ကို ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၁၉ – Alabama အသင်းဟာ တကယ့်မဟာပြိုင်ဘက် Clemson ကို အလဲအကွဲ ရှုံးနိမ့်ခဲ့ရပြီး၊ အရှက်ကွဲခဲ့ရပါတယ်။

၂၀၁၉ – ဒေါ့မွန်ကစားသမား ဆန်ချိုကတော့ Drake နဲ့ ဓာတ်ပုံတွဲရိုက်ပြီးနောက် ဘိုင်ယန်နဲ့ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဒေါ့မွန်အသင်းအတွက် ရလဒ်မကောင်း ဖြစ်စေခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၉ – အူဘာမီယန်လည်း သူနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ပြီးနောက်၊ အဲဗာတန်နဲ့ပွဲမှာ အရံခုံပေါ်မှာ ထိုင်ခဲ့ရပါတယ်။ ဒါကလည်း Drake ကျိန်စာကို နည်းပြ အူနိုင်းက ရိပ်မိလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီပွဲမှာလည်း အာဆင်နယ်တို့ ရှုံးခဲ့ရပါတယ်။

၂၀၁၉ – ပေါ့ဂ်ဘာလည်း Drake နဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ရာ အရေးကြီးတဲ့ ဘာစီလိုနာနဲ့ပွဲစဉ်ကို မန်ယူတို့ ရှုံးနိမ့်ခဲ့ရပါတယ်။

 

နတ်စည်တော် (SportAhtar)

Source : foxsports.com.au

READ  နေမာရဲ့ စပယ်ဂက်တီခေါက်ဆွဲပုံ ဆံပင်ပုံစံသစ် ထပ်မံပေါ်လာပြန်