မန်ယူအသင်းရဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြတဲ့ ရော်နယ်ဒိုနဲ့ တီဗက်ဇ်တို့ရဲ့ မွေးနေ့မှာ fourfourtwo မဂ္ဂဇင်းက တီဗက်ဇ်ပြောခဲ့ဖူးတဲ့ အမှတ်တရ စကားလေးတစ်ခွန်းကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ fourfourtwo ဟာ သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ ဒီစာသားကို တင်သွားတာဖြစ်ပြီး တီဗက်ဇ်ရဲ့ အင်တာဗျူးတစ်ခုထဲက ကောက်နှုတ်ထားခဲ့တာပါ။

အကြောင်းအရာကတော့ ရော်နယ်ဒိုရဲ့ ဘောလုံးအပေါ် အရူးအမူးဖြစ်ပုံကို တီဗက်ဇ်က ချီးကျူးထားခဲ့တာပါပဲ။

Twitter

တီဗက်ဇ်က သူ့ရဲ့မန်ယူကစားသမားဘ၀မှာ ၀ီရိယအကောင်းဆုံး ကစားသမားတစ်ယောက်အကြောင်း ပြောပြခဲ့တာဖြစ်ပြီး အဲဒီကစားသမားကတော့ အားလုံးသိကြတဲ့အတိုင်း ရော်နယ်ဒိုပါ။

“ကျွန်တော် လေ့ကျင့်ရေးကွင်းကို မနက် (၇း၃၀) ရောက်တဲ့အချိန်တိုင်း သူက အဲဒီမှာ ရောက်နှင့်နေပြီ။ ကျွန်တော့်ကိုယ်ကျွန်တော်မေးမိတယ်၊ ဒီငနဲထက် ပိုစောရောက်အောင် ဘယ်လိုများ လုပ်ရမလဲပေါ့။ တစ်နေ့တော့ ကျွန်တော် မနက် (၆)နာရီလောက် ကွင်းထဲရောက်အောင် စောစောထပြီး သွားခဲ့တယ်။ အိပ်ချင်မူးတူးနဲ့ပေါ့။ ဒါပေမယ့် သူက ကွင်းထဲကိုရောက်နှင့်နေပြီ” လို့ တီဗက်ဇ်က ပြောသွားခဲ့တာပါ။

PA

ဒီ မှတ်ချက်စကားလေးက ရော်နယ်ဒိုရဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးသွားခဲ့ပြီး ရော်နယ်ဒို ဟာ သူ့ရဲ့အရည်အသွေးကို ပါရမီကနေ တစ်ဆင့် ရလာတာမဟုတ်ပဲ ပြင်းထန်တဲ့ကြိုးစားမှုတွေကတစ်ဆင့် ရလာတာလို့ ချီးကျူးခဲ့ကြပါတယ်။

ကမ္ဘာပေါ်က နာမည်ကျော်ဘောလုံးသမားတွေဖြစ်ကြတဲ့ မက်ဆီ ၊ ပီလီ ၊ ရော်နယ်ဒင်ဟို စတဲ့ဘောလုံးသမားတွေဟာ လက်ဖျားခါလောက်စရာ ဘောလုံးပါရမီ ပါလာခဲ့ကြပြီး ဘယ်သူမှ မယှဉ်နိုင်တဲ့ အရည်အသွေးမျိုးရှိခဲ့ကြတာပါ။ ရော်နယ်ဒိုကတော့ သူတို့အဆင့်ကိုရောက်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ရတာဖြစ်ပြီး သူများတွေထက်ပိုတဲ့ လေ့ကျင့်မှုမျိုး ပြုလုပ်ခဲ့တာလို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

AFP

Linn

Source : Twitter

READ  အံ့အားသင့်ဖွယ်ဘောလုံးစကေးကြောင့် အင်တာနက်မှာနာမည်ကြီးသွားခဲ့တဲ့ကွာလင်ဂျီ