အသက် (၄၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆီဘက်ရှန် အက်ဘရူး ဆိုတဲ့ ဥရုဂွေးဘောလုံးသမားဟာ ကမ္ဘာပေါ်မှာ အသင်းအများဆုံးပြောင်းရွှေ့ကစားတဲ့ဘောလုံးသမားအဖြစ် ဂင်းနစ်စံချိန်ဝင်သွားခဲ့ပါတယ်။ လက်ရှိကစားနေတဲ့ ကလပ်အသင်းက ဘရာဇီးကလပ် ရီယိုဘလန်ကို မှာဖြစ်ပြီး သူ့ရဲ့အသက် (၄၀)ကျော်မှာ သူပြောင်းရွှေ့ကစားခဲ့တဲ့ အသင်းအရေအတွက်က (၂၆)သင်းအထိ ရှိခဲ့တာပါ။

သူက နိုင်ငံပေါင်း (၁၁)နိုင်ငံမှာရှိတဲ့ ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပြီး ပရိသတ်တွေက သူ့ကို ဘောလုံးခရီးသည် လို့ နာမည်ပေးခဲ့ရတဲ့အထိကို ပြောင်းနိုင်လွန်းသူကြီးဖြစ်ခဲ့ပါတယ်။

TheSun

သူကစားခဲ့တဲ့နိုင်ငံတွေက စပိန်၊ အီကွေဒေါ၊ အာဂျင်တီးနား၊ မက္ကဆီကို၊ အစ္စရေး၊ ဘရာဇီး၊ ပါရာဂွေး၊ ချီလီနဲ့ ဥရုဂွေး တို့ဖြစ်ပြီး သူအကြာဆုံးကစားခဲ့တဲ့ ကလပ်အသင်းက စပိန်ကလပ် ဒီပို့တီပိုအသင်းမှာပါ။ သူက အဲဒီမှာ (၄)ရာသီအထိ ကစားခဲ့ပြီး အဲဒါက မှတ်တမ်းတစ်ခုလိုတောင် ဖြစ်ခဲ့ပါတယ်။

သူက တစ်ရာသီတည်းမှာ ကလပ်အသင်း (၂)သင်း (၃)သင်းဆီ ပြောင်းကစားတာမျိုးတောင် ရှိခဲ့ပြီး သူ့ရဲ့ကစားသမားဘ၀ အအောင်မြင်ဆုံးအချိန်က ဘရာဇီးကလပ်အသင်း ဘိုတာဖိုဂိုအသင်းမှာ ကစားခဲ့တဲ့အချိန်ပါပဲ။ သူက အဲဒီမှာ (၂)ရာသီကြာ ကစားခဲ့ပြီး စုစုပေါင်း ပွဲစဉ် (၉၃)ပွဲမှာ (၅၅) ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်။

သူက (၂၀၁၈)ခုနှစ်မှာ ချီလီကလပ်အသင်းဖြစ်တဲ့ အီတာလီယာနိုအသင်းကိုပြောင်းရွှေ့တဲ့အချိန်မှာပဲ ဂင်းနစ်စံချိန်ရသွားခဲ့ပြီး ကမ္ဘာပေါ်မှာ အသင်းပြောင်းရွှေ့မှု အများဆုံး ကစားသမားအဖြစ် အသင်း (၂၆)သင်းပြောင်းကာ မှတ်တမ်းတင်ခဲ့တာပါ။

 

အခုအချိန် (၂၀၁၉)ခုနှစ်မှာတော့  သူက အသင်းထပ်ပြောင်းခဲ့ပြန်ပြီး သူ့ရဲ့စံချိန်ဟာ တဖြည်းဖြည်းနဲ့ မြင့်မားလာခဲ့ရပါတယ်။

ပရိသတ်တွေကတော့ ဘောလုံးမှာ အသင်းတစ်သင်းတည်းမှာ စွဲမြဲကစားဖို့ထက် ကိုယ့်အတွက် နေရာရနိုင်မယ့်၊ အခွင့်အရေးရှိမယ့်အသင်းတွေဆီ ပြောင်းရွှေ့ကစားတာက ပိုမို စိတ်ဝင်စားဖို့ကောင်းမှာဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပြီး ဘောလုံးသမားတစ်ယောက်ရဲ့ ဘ၀ရတုန်းမှာ စိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်တာ ပိုပြီးသင့်လျှော်တယ်လို့ ဆိုကြပါတယ်။

TheSun

Linn

Source : TheSun

READ  အာစင်ဝင်းဂါးနဲ့ ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားခဲ့သူရဲ့ ကြေကွဲစရာဖြစ်ရပ်