(၂၀၁၈)ခုနှစ်ရဲ့ ၀င်ငွေအကောင်းဆုံး ဘောလုံးနည်းပြစာရင်း ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် မိုနာကိုအသင်းကို (၃)လသာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ အွန်နရီလည်း ပါဝင်လာခဲ့လို့ အားလုံး အံ့အားသင့်ခဲ့ရပါတယ်။

အွန်နရီက ၀င်ငွေအများဆုံးနည်းပြစာရင်းရဲ့ ထိပ်ဆုံး(၅)ဦးထဲမှာတောင် ရပ်တည်ခဲ့တာဖြစ်ပြီး မိုနာကို အသင်းကို (၃)လသာ နည်းပြခဲ့ရတဲ့ အွန်နရီဟာ တကယ့်ကို ငွေထုတ်ကြီးသယ်ပြီး ပရော်ဖက်ရှင်နယ် နည်းပြဘ၀ကို စတင်ဖွင့်လှစ်လိုက်တာပါ။

SkySports

(၂၀၁၈)ရဲ့ ၀င်ငွေအကောင်းဆုံးနည်းပြအဖြစ် အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ရပ်တည်နေပြီး (၂၀၁၈)ခုနှစ်အတွင်း သူ့ရဲ့ဝင်ငွေဟာ ပေါင်(၃၅)သန်းအထိ ရှိနေခဲ့ပါတယ်။ သူ့ရဲ့နောက်မှာတော့ အသင်းကနေ ထုတ်ပယ်ခံရပြီး လျှော်ကြေးတွေ တပွေ့တပိုက်ရသွားခဲ့တဲ့ မော်ရင်ဟိုနဲ့ အွန်နရီတို့က ရပ်တည်နေခဲ့တာပါ။ မော်ရင်ဟို က ပေါင်(၂၆.၆)သန်း ၀င်ငွေရခဲ့ပြီး အွန်နရီကတော့ ပေါင်(၂၁.၉)သန်းအထိ ၀င်ငွေရရှိသွားခဲ့ပါတယ်။

သူတို့ရဲ့နောက်မှာမှ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပေါင် (၂၀.၆)သန်းနဲ့ စတုတ္တ ၊ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက ပေါင် (၁၉.၇)သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်နိုင်ခဲ့ကြပါတယ်။

ပရိသတ်တွေကတော့ အဲဒီအထဲမှာမှ အွန်နရီက အတန်ဆုံးပဲလို့ မှတ်ချက်ပေးနေကြပြီး မိုနာကိုအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်(၁၂)ပွဲမှာ (၂)ပွဲသာ အနိုင်ရခဲ့တဲ့ အွန်နရီဟာ နိုင်ပွဲတစ်ပွဲအတွက် ပေါင်(၁၀)သန်းကျော် ရခဲ့သလိုဖြစ်သွားတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

SkySports

Linn

Source : TheSun

READ  နေမာရဲ့ စပယ်ဂက်တီခေါက်ဆွဲပုံ ဆံပင်ပုံစံသစ် ထပ်မံပေါ်လာပြန်