ဒီရက်ပိုင်း ဆိုရှယ်မီဒီယာတွေပေါ်မှာ  နာမည်ကြီးနေခဲ့တာကတော့ ကမ္ဘာတစ်ဝှမ်းက မန်ယူအသင်း ပရိသတ်တွေရဲ့ #UnfollowManUnited ဆိုတဲ့ လှုပ်ရှားမှုပါပဲ။

ဟက်ဒါဖီးလ်အသင်းကို တစ်ဂိုးစီ သရေကျခဲ့ပြီးတဲ့နောက် မန်ယူအသင်းရဲ့ ကစားပုံနဲ့ ရလဒ်ပိုင်းကို စိတ်ပျက်နေတဲ့ ပရိသတ်တွေဟာ #UnfollowManUnited ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို စတင်လိုက်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ မန်ယူအသင်းရဲ့ လှုပ်ရှားမှုတွေကို လစ်လျူရှုထားကြမယ်ဆိုတဲ့ သဘောပါ။

Twitter

မန်ယူအသင်းရဲ့ တွစ်တာနဲ့  facebook စာမျက်နှာတွေမှာ ဒီလှုပ်ရှားမှု စတင်လိုက်တဲ့အချိန်ကစလို့ သိန်းချီတဲ့ ပရိသတ်တွေ လျော့ကျသွားခဲ့ပြီး မန်ယူပရိသတ်တွေဟာ သူတို့ရဲ့ကလပ်အသင်းကို ဒီနည်းနဲ့ ပညာပေးဖို့  ကြိုးစားလာကြပါတယ်။

မန်ယူပရိသတ်တွေကတော့ ဒါဟာ အသင်းကို စွန့်ခွာသွားဖို့မဟုတ်ပဲ အသင်းအနေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတယ်ဆိုတာကို ၀ိုင်းပြီးတိုက်တွန်းတဲ့သဘောလို့သာ မှတ်ချက်ပေးခဲ့ကြပါတယ်။

TheSun

ပရိသတ်တွေအနေနဲ့  ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်လောက်ပဲ ဆန္ဒပြကြသည်ဖြစ်စေ မန်ယူအသင်းရဲ့တွစ်တာမှာ ပရိသတ် (၁၉)သန်းကျော် ရှိတာမို့ အသင်းအနေနဲ့ ဟန်မပျက် ရှေ့ဆက်သွားလို့ရနေတယ်လို့ သတင်းတွေက ရေးသားကြပါတယ်။

မန်ယူအသင်းရဲ့  ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကိုယ်တိုင်က ဟက်ဒါဖီးလ်နဲ့  ကစားခဲ့တဲ့ ပွဲအပြီးမှာ မန်ယူအသင်းဟာ အသင်းတစ်သင်းနဲ့မတူပဲ ပိုချက်တီနို တစ်ယောက် စပါးကိုရောက်ခါစ ကာလနဲ့တောင် တူနေသေးတယ်လို့ မှတ်ချက်ပေးခဲ့တဲ့အထိကို ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ ကစားပုံကို တွေ့ခဲ့ရတာပါ။

Twitter

ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေကြားမှာတော့ #UnfollowManUnited ဟာ ဆက်လက် လှုပ်ရှားနေတာဖြစ်ပြီး မန်ယူအသင်း တာဝန်ရှိသူတွေ သတိထားမိတဲ့အထိ လုပ်ဆောင်သွားကြမယ်လို့ သူတို့က ရည်ရွယ်ထားပါတယ်။

Linn

Source : Sportbible

READ  လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီရဲ့ ပေါင် သန်း(၂၀)တန် စံအိမ်ကြီး