ဒူးဒဏ်ရာရရှိသွားခဲ့တာကြောင့် ဘရာဇီးအသင်းလူစာရင်းကနေ ထွက်ခွာသွားရပြီဖြစ်တဲ့ နေမာအတွက်ကတော့ နောက်ထပ် သောကရောက်စရာတစ်ခု ပေါ်ထွက်လို့ လာပြန်ပါပြီ။

ဒီလအစောပိုင်းက ပြင်သစ်က ဟိုတယ်တစ်ခုမှာ အဓမ္မမှု ဖြစ်ပွားခဲ့တယ်လို့ တိုင်ကြားခံခဲ့ရတဲ့ နေမာ ဟာ အဲဒီအမှုနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်တစ်ခု ထပ်မံပေါ်ထွက်လာတာကြောင့် စိတ်ရှုပ်လို့နေရတာပါ။

နေမာ ဟာ နာဂျီလာ လို့ခေါ်တဲ့ ဘရာဇီးသူအမျိုးသမီးတစ်ယောက်ကို ပဲရစ်က ဟိုတယ်တစ်ခုကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး အဲဒီဟိုတယ်မှာ အဓမ္မမှု ဖြစ်ပွားခဲ့တာပါလို့ အမျိုးသမီးက တိုင်ကြားခဲ့တာပါ။

Foxsports

အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ ဟိုတယ်ခန်းထဲမှာ နေမာနဲ့ အမျိုးသမီးတို့ ရန်ဖြစ်နေတဲ့မြင်ကွင်းကို မြင်တွေ့ရမှာဖြစ်ပြီး အမျိုးသမီးဟာ နေမာ့ကို ရိုက်နှက်နေခဲ့တာကို မြင်တွေ့ရမှာပါ။

ဗီဒီယိုဖိုင်ထဲမှာ “မလုပ်နဲ့၊ မလုပ်နဲ့၊ ငါ့ကိုမရိုက်နဲ့” ဆိုတဲ့ နေမာရဲ့အသံကို ကြားရမှာဖြစ်ပြီး အမျိုးသမီးကလည်း ပြန်လည်အော်ဟစ်နေခဲ့တာကို ကြားခဲ့ရပါတယ်။

အမျိုးသမီးက “မလုပ်နဲ့ ဟုတ်လား? နင်တောင် ငါ့ကိုရိုက်ခဲ့သေးတယ်လေ၊ မဟုတ်ဘူးလား? နင်ငါ့ကိုမရိုက်ခဲ့ဘူးလား?” လို့ အပြန်အလှန်မေးခွန်းထုတ်နေခဲ့တဲ့အသံတွေကို ကြားခဲ့ရတာပါ။

Instagram

အမျိုးသမီးက နေမာဟာ သူ့ကိုမနေ့က ရိုက်နှက်ခဲ့တာကြောင့် သူ့အနေနဲ့ ပြန်လည်ရိုက်ရခြင်းဖြစ်ကြောင်း အသိပေးခဲ့ပြီး နေမာရဲ့ပြဿနာဟာ ထင်ထားတာထက် ပိုမိုကြီးကျယ်လာဖို့ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

တချို့ကလည်း ဟိုတယ်ခန်းထဲမှာ ဗီဒီယိုရိုက်ကူးဖို့ ပြင်ဆင်ထားခြင်းကိုကြည့်ရင် အဓမ္မမှုကျူးလွန်ဖို့ထက် ငွေညှစ်ဖို့၊ ဒါမှမဟုတ် တခြားအကြောင်းအရင်းတစ်ခုခုကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

Linn

Source : FoxSports

READ  မန်စီးတီး (၉-၀)ဖြစ်မယ်လို့ ကွက်တိလောင်းပြီး ပေါင်(၈၀၀၀)ကျော် ရယူသွားတဲ့သူ