ဥရောပရဲ့အဆင့်အမြင့်ဆုံး ကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝါကတ်အများဆုံးအပြခံထားရတဲ့ ကစားသမားက ဘယ်သူဖြစ်မလဲ။

၁၉၅၅ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဥရောပချန်ပီယံဖလားဆိုတဲ့ အမည်နဲ့ပြိုင်ပွဲကနေဆိုရင်တော့ ဒီစာရင်းကပြုစုရတာ ခက်ခဲပေမဲ့ ၁၉၉၂ ခုနှစ်မှာ အခုအသုံးပြုနေတဲ့နာမည်ဖြစ်တဲ့ ချန်ပီယံလိဂ်လို့ ပြောင်းလဲပြီးနောက်ပိုင်းမှာတော့ ဒီစာရင်းက ပြုစုရတာ အဆင်ပြေခဲ့ပါတယ်။ အခုဖော်ပြပေးမဲ့စာရင်းကလည်း ၁၉၉၂ ခုနှစ်က အမည်သစ်နဲ့ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝါကတ် အများဆုံးအပြခံထားရတဲ့ ကစားသမားစာရင်းပါ။

အမည်သစ်နဲ့ ချန်ပီယံလိဂ်မှာ အဝါကတ်အများဆုံးအပြခံထားရတဲ့ကစားသမားတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင်ကြီး ဆာဂျီယိုရာမို့စ်ပါပဲ။ ၂၀၀၅-၀၆ ဘောလုံးရာသီမှာ ရီးရဲလ်ကို ပြောင်းရွှေ့လာခဲ့ပြီး ချန်ပီယံလိဂ်မှာစတင်ကစားခွင့်ရခဲ့တဲ့ ရာမို့စ်ဟာ (၁၄)ရာသီအတွင်းမှာ အဝါကတ် (၃၈)ကတ်အထိ အပြခံခဲ့ရပြီး စံချိန်တင်ထားပါတယ်။

newstraitstime/googleimages

ဒုတိယနေရာမှာရှိနေသူကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ပါ။ ဒါ့အပြင် အဆင့် (၂)၊ (၃)၊ (၄) တွေမှာရှိနေသူတွေက နောက်ခံလူတွေ မဟုတ်ဘဲ ကွင်းလယ်လူတွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

sportbible.com

စာရင်းအပြည့်အစုံကတော့ အောက်ပါအတိုင်းပါ…

အမည် အဝါကတ်အရေအတွက်
ဆာဂျီယိုရာမို့စ်

၃၈

ပေါလ်စခိုးလ်

၃၂

ဇာဗီအလွန်ဆို

၃၁

ဂျန်နာရိုဂတ်ဆူဆို

၂၈

ဒါနီအဲလ်ဗက်စ်

၂၇

ဝေါ်တာဆမ်မြူရယ်

၂၅

ကားလက်စ်ပူယိုးလ်

၂၅

ပီပီ

၂၄

ဂျရတ်ပီကေး

၂၄

လူးဝစ်ဖီဂို

၂၃

ဒါရီဂျိုဆာနာ

၂၃

မာ့ခ်ဗန်ဘွန်မဲလ်

၂၃

အလက်စီယိုတက်ခီနာဒီ

၂၃

 

အဝါကတ်ပြသခံရမှု အများဆုံးကစားသမား (၁၀)ဦးစာရင်းမှာတော့ လက်ရှိကစားနေသေးတဲ့ ကစားသမားဆိုလို့ အဲလ်ဗက်စ်၊ ပီပီနဲ့ ပီကေး တို့ပဲရှိနေတော့တာပါ။ ဒါ့အပြင် လက်ရှိမှာ အဲလ်ဗက်စ်က ဘရာဇီးလ်ကိုပြန်ရောက်သွားပြီဖြစ်သလို၊ ပေါ်တိုမှာကစားနေတဲ့ ပီပီကလည်း ဒီနှစ် ယူရိုပါလိဂ်ပဲ ဝင်ခွင့်ရခဲ့လို့ ချန်ပီယံလိဂ်မှာ ပီကေးပဲ ရှိတော့တာဖြစ်ပါတယ်။

fourfourtwo.com

ဒီ(၁၀)ဦးပြင်ပကနေ လက်ရှိကစားနေသေးတဲ့ ကစားသမားတွေထဲမှာ အများဆုံးက ဘာစီလိုနာကွင်းလယ်လူ ဘက်စကွက်စ်ဖြစ်ပြီး အဝါကတ် (၁၇)ကတ် ပြသခံထားရပါတယ်။

thestar.com

Ko Puccy
Source: Sportbible

READ  ဖရန်ကီဒီဂျောင်ရဲ့ချစ်သူ (သို့မဟုတ်) နယ်သာလန်ရဲ့အလှဆုံးပန်းပွင့်လေး