၂၀၁၉-၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေ မဲခွဲမှုကတော့ ပြီးဆုံးသွားပါပြီ။ အုပ်စုမဲခွဲမှုနဲ့အတူ အကောင်းဆုံးကစားသမားဆုတွေကိုလည်း ချီးမြှင့်ခဲ့ပြီး

  • ဥရောပအကောင်းဆုံး အမျိုးသားကစားသမားဆုကို – ဗန်ဒိုက်ခ်ျ (လီဗာပူးလ်)
  • ဥရောပအကောင်းဆုံး အမျိုးသမီးကစားသမားဆုကို – လူစီဘရွန့်ဇ် (အင်္ဂလန်/လိုင်ယွန်)
  • အကောင်းဆုံးရှေ့တန်းကစားသမားဆုကို – မက်ဆီ (ဘာစီလိုနာ)
  • အကောင်းဆုံးကွင်းလယ်ကစားသမားဆုကို – ဒီယောင် (အေဂျက်စ်၊ ယခု ဘာစီလိုနာ)
  • အကောင်းဆုံးနောက်တန်းကစားသမားဆုကို – ဗန်ဒိုက်ခ်ျ (လီဗာပူးလ်)
  • အကောင်းဆုံးဂိုးသမားဆုကို – အယ်လီဆန် (လီဗာပူးလ်)

တို့က ဆွတ်ခူးသွားခဲ့ကြပါတယ်။

ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု တခုချင်းစီကို ကြည့်လိုက်ရအောင်

Group (A)

PSG (ပြင်သစ်) ၊ ရီးရဲလ်မက်ဒရစ် (စပိန်) ၊ ဘရုဂေး (ဘယ်လ်ဂျီယံ) ၊ ဂါလာတာစာရေး (တူရကီ)

ဘာစီလိုနာကိုသာ မပြောင်းဖြစ်ဘူးဆိုရင် နေမာ ဘယ်အသင်းကနေ ဘယ်အသင်းကို ရင်ဆိုင်မလဲ စိတ်ဝင်စားစရာပါ။

skysports/twitter
Group (B)

ဘိုင်ယန်မြူးနစ် (ဂျာမနီ) ၊ စပါး (အင်္ဂလန်) ၊ အိုလံပီယာကော့စ် (ဂရိ) ၊ ရက်စတား (ဆားဘီးယား)

skysports/twitter
Group (C)

မန်ချက်စတာစီးတီး (အင်္ဂလန်) ၊ ရှက်တာဒိုးနက် (ယူကရိန်း) ၊ GNK ဒိုင်နမို (ခရိုအေးရှား) ၊ အတ္တလန်တာ (အီတလီ)

မန်စီးတီးကတော့ အင်္ဂလန်အသင်းတွေထဲမှာ ခရီးအကွာအဝေးအရှည်ဆုံး သွားရပါတော့မယ်။

skysports/twitter
Group (D)

ဂျူဗင်တပ်စ် (အီတလီ) ၊ အက်သလက်တီကိုမက်ဒရစ် (စပိန်) ၊ လေဗာကူဆင် (ဂျာမနီ) ၊ လိုကိုမိုးတစ်မော်စကို (ရုရှား)

မနှစ်က ရှုံးထွက်အဆင့်မှာတွေ့ခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ အက်သလက်တီကို တို့ ပြန်ဆုံတွေ့နေကြပါတယ်။

skysports/twitter
Group (E)

လီဗာပူးလ် (အင်္ဂလန်) ၊ နာပိုလီ (အီတလီ) ၊ ဆဲလ်ဘတ် (သြစတြီးယား) ၊ ဂျန့် (ဘယ်လ်ဂျီယံ)

မနှစ်က အုပ်စုအဆင့်မှာတွေ့ခဲ့တဲ့ လီဗာပူးလ် နဲ့ နာပိုလီ တို့ ပြန်တွေ့နေပါတယ်။

skysports/twitter
Group (F)

ဘာစီလိုနာ (စပိန်) ၊ ဒေါ့မွန် (ဂျာမနီ) ၊ အင်တာမီလန် (အီတလီ) ၊ ဆလားဘီးယားပရက်ပ် (ချက်)

ဒီနှစ်အတွက် မရဏအုပ်စုပါပဲ။

skysports/twitter
Group (G)

ဇင်းနစ် (ရုရှား) ၊ ဘင်ဖီကာ (ပေါ်တူဂီ) ၊ လိုင်ယွန် (ပြင်သစ်) ၊ လိုက်ပစ်ဇ် (ဂျာမနီ)

မဲအိုး(၁)က အားအနည်းဆုံးဖြစ်တဲ့ ဇင်းနစ်နဲ့တွေ့ရတာ ဘင်ဖီကာ၊ လိုင်ယွန် တို့ ကံကောင်းလှပါတယ်။

skysports/twitter
Group (H)

ချယ်လ်ဆီး (အင်္ဂလန်) ၊ အေဂျက်စ် (နယ်သာလန်) ၊ ဗလင်စီယာ (စပိန်) ၊ လိုင်လီ (ပြင်သစ်)

ချယ်လ်ဆီး နဲ့ အေဂျက်စ်တို့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဆုံတွေ့မှာဖြစ်ပါတယ်။

skysports/twitter

Ko Puccy

READ  သြဂုတ်လ(၁၈)ရက်နေ့အတွက် နောက်ဆုံးရ အားကစားသတင်းများ