ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘောလုံးသမား (၂)ယောက်ဟာ WWE ထဲကလိုအကွက်တွေနဲ့ ရန်ဖြစ်နေတယ်လို့ ထင်စရာကြီးပါ။
ဒါပေမဲ့ တကယ်က အခုလိုဖြစ်ခဲ့လို့ဟာ နာပိုလီကစားသမား ဟိုင်ဆာ့ခ်ျအနေနဲ့ လည်ပင်းကျိုးမဲ့ဒဏ်က လွတ်ကင်းခဲ့တာလို့ ပြောရမှာပါ။ ပြီးခဲ့တဲ့အပတ်က တိုရီနိုနဲ့ နာပိုလီတို့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပွဲချိန် (၃၄)မိနစ်မှာ ဟိုင်ဆာ့ခ်ျဒဏ်ရာရခဲ့လို့ ထမ်းစင်နဲ့သယ်ထုတ်ခဲ့ရပါတယ်။
တကယ်လို့သာ တိုရီနိုကစားသမား အန်ဆယ်လ်ဒီက အကျမှာ အနည်းငယ်လောက်ဖမ်းမထိန်းပေးခဲ့ဘူးဆိုရင် ဟိုင်ဆာ့ခ်ျရဲ့ဒဏ်ရာက အခုထက်ပိုပြီး ဆိုးရွားသွားနိုင်တယ်လို့ သိရပါတယ်။ ဒါတောင်မှ ဟိုင်ဆာ့ခ်ျဟာ လည်ပင်းမှာ အရိုးအနည်းငယ်အက်သွားတယ်လို့သိရပြီး ဘယ်လောက်အနားယူရမယ်ဆိုတာ မသိရသေးဘူးလို့သိရပါတယ်။ ဒီဒဏ်ရာကြောင့် ဟိုင်ဆာ့ခ်ျဟာ အယ်လ်ဘေးနီးယားလက်ရွေးစင်အသင်းကနေလည်း နုတ်ထွက်ခဲ့ရပါတယ်။
Outro ângulo da queda. Ansaldi ainda tentou ajudar. pic.twitter.com/hk5Ycls2PY
— Calciopédia (@calciopediagoal) October 6, 2019
ဒီလိုဖြစ်ရပ်မျိုး ပရီးမီးယားလိဂ်မှာလည်း ဖြစ်ပွားခဲ့ဖူးပြီး ဝက်စ်ဘရွန်းတိုက်စစ်မှူးဟောင်း ရွန်ဒိုဟာ နယူးကာဆယ် ညာနောက်ခံလူ ယက်ဒ်လင်းကို ဒဏ်ရာမရအောင် ပြုတ်အကျမှာ ဖမ်းပေးခဲ့ဖူးတာဖြစ်ပါတယ်။
Ko Puccy
Source: Sportbible, Twitter