မြောက်လန်ဒန်ဒါဘီကတော့ အပြန်အလှန်ဂိုးတွေသွင်းပြီး စူပါဆန်းဒေးပွဲပီသစွာ ပရိသတ်တွေကို ဖျော်ဖြေမှု အပြည့်အ၀ ပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းက တော့တင်ဟမ်ပွဲလို့ ပြောရမှာဖြစ်ပြီး ဒုတိယပိုင်းကတော့ အာဆင် နယ်ပွဲလို့တောင် ပြောလို့ရပါတယ်။ အထနှေးတဲ့ အာဆင်နယ်ရဲ့ အားနည်းချက်ကို အခွင့်အရေးယူဖို့ ကြိုးစားခဲ့ တဲ့ တော့တင်ဟမ်နည်းပြ ပိုချက်တီနိုရဲ့ ပွဲအပေါ်ချဉ်းကပ်ပုံ မှန်ကန်ခဲ့သလို ဦးဆောင်ဂိုးတွေ ပေးခဲ့ရတဲ့အချိန် မှာ မှန်ကန်ုတဲ့ နည်းဗျူဟာနဲ့ လူစားလဲမှုတွေ ပြုလုပ်ခဲ့တဲ့ နည်းပြအမ်မရီကိုလည်း ချီးကျူးရမှာပါ။

Google
Google.com
Google.com

(၄-၃-၃)ပုံစံနဲ့ ပွဲထွက်လာခဲ့တဲ့ အာဆင်နယ်အသင်းဟာ တိုက်စစ်မှာတော့ လာကာဇက်၊ အူဘာမီယန်းနဲ့ ပေပေ တို့အတွဲကို ပထမဆုံးအကြိမ် ပွဲထုတ်လာခဲ့ပါတယ်။ ကွင်းလယ်မှာလည်း တော်ရဲရား၊ ချာကာနဲ့ ဂန်ဒူဇီတို့ကို ဒီ နှစ်ဘောလုံးရာသီမှာ ပထဆုံးအကြိမ်ဖြစ် တွဲဖက်ပွဲထုတ်ခဲ့တာပါ။ အတောင့်တင်းဆုံး လူစာရင်းကို အသုံးပြုခဲ့ ပေမယ့် တိုက်စစ်ကော၊ ကွင်းလယ်မှာပါ တွဲဖက်ပြီး မကစားရသေးတဲ့ ကစားသမားတွေကို တစ်ပြိုက်နက်တည်း ပွဲထုတ်ခဲ့တဲ့ အမ်မရီရဲ့ ဆုံးဖြတ်ချက်ကြောင့် ပထမပိုင်းမှာ အာဆင်နယ်အသင်း ရုန်းကန်ခဲ့ရတာပါ။

(AP Photo/Alastair Grant)

တော့တင်ဟမ်ကတော့ (၄-၂-၃-၁)ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး အဲရစ်ဆင် ပွဲထွက်လူစားရင်းမှာ ပြန်လာပါတယ်။ နောက် တန်းမှာတော့ ဒါဗစ်ဆင် ဆန်းချက်ဇ်ကို ညာနောက်ခံလူနေရာမှာ အသုံးပြုပြီး ရှေ့ပွဲတွေမှာ အရန်ခုံပေါ်ထိုင်ခိုင်း ခဲ့တဲ့ ဗာတွန်ဂန်နဲ့ အယ်လ်ဒါဝီရယ်လ်အတွဲကို ဗဟိုခံစစ်မှာ အသုံးပြုခဲ့တာပါ။ အဲရစ်ဆင်၊ လာမယ်လာ၊ ဆွန် ဟောင်မင်တို့ရဲ့ ကွင်းလယ်တိုက်စစ်မှာ အသုံးပြုခဲ့ပြီး နည်းပြ ပိုချက်တီနိုက အဝေးကွင်းမှာ ခံစစ်မကစားပဲ တိုက်စစ်အပြန်အလှန် ဖွင့်ကစားဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။

(AP Photo/Alastair Grant)

ပွဲစတယ်ဆိုတည်းက ဧည့်သည်တော့တင်ဟမ်ဟာ အာဆင်နယ်ကို တောက်လျှောက်အသာစီးယူပြီး ဖိကစား နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ လုံးဝတိုက်စစ် မဆင်နိုင်ခဲ့သလို တိုက်စစ်နဲ့ ကွင်းလယ်ရဲ့ ချိတ်ဆက်မှု ပြတ် တောက်နေပြီး တစ်ဦးကောင်း ကစားနေသလိုမျိုး ဖြစ်နေခဲ့တာပါ။ ပွဲချိန်(၁၀)မိနစ်မှာတော့ ဧည့်သည်တော့တင် ဟမ် ဦးဆောင်ဂိုး ရခဲ့ပြီး အဲရစ်ဆင် သွင်းယူပေးနိုင်ခဲ့တာပါ။

(AP Photo/Alastair Grant)

ဦးဆောင်ဂိုး ပေးလိုက်ရပြီး နောက်ပိုင်းမှာလည်း အာဆင်နယ် ကစားကွက် တည်မရသေးပါဘူး။ တော့တင်ဟမ် ကပဲ အသာစီးက ကစားနေပြီး မိနစ်(၄၀)မှာတော့ ချာကာရဲ့ မလိုလားအပ်တဲ့ ဖြတ်ထုတ်မှုကြောင့် အာဆင်နယ် ပင်နယ်တီ ပေးခဲ့ရပါတယ်။ ပင်နယ်တီကိုတော့ ဟယ်ရီကိန်း ကန်သွင်းခဲ့ပြီး တော့တင်ဟမ်အတွက် ဒုတိယဦး ဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယဂိုး ပေးလိုက်ရတဲ့ အချိန်အထိ အာဆင်နယ်ဟာ တော့တင်ဟမ်ဂိုး ပေါက်ကို တစ်ကြိမ်မှ မခြိမ်းခြောက်နိုင်ခဲ့သေးပါဘူး။ ဒါပေမယ့် ပထမပိုင်းပြီးခါနီး (၄၅+၁)မိနစ်မှာတော့ လာ ကာဇက်က တစ်ကိုယ်တော် အစွမ်းနဲ့ တော့တင်ဟမ် နောက်ခံလူတွေကို ကျော်ဖြတ်ပြီး အာဆင်နယ်အတွက် ပ ထမ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

(AP Photo/Alastair Grant)

ဒုတိယပိုင်းမှာတော့ အာဆင်နယ်ရဲ့ ချေပဂိုးရသွားတဲ့ အာဆင်နယ်ဟာ စိတ်ဓာတ်တက်ကြွသွားပြီး တော့တင် ဟမ်ကို တရစပ် တိုက်စစ်ဆင်ခဲပါတယ်။ ပွဲချိန် မိနစ်(၆၀)ကျော်မှာတော့ တော်ရဲရားနဲ့ လာကာဇက်တို့ကို စီ ဘယ်ယို့စ်၊ မက်ခီတာယန်တို့နဲ့ လူစားလဲခဲ့ပြီး အူနိုင်းအမ်မရီဟာ တိုက်စစ်ကို ထပ်မံမြှင့်တင်ခဲ့ပါတယ်။ အမ်မရီ ရဲ့ လူစားလဲမှု မှန်ကန်တယ် ပြောရမှာဖြစ်ပြီး ပွဲချိန်(၇၁)မိနစ်မှာတော့ အူဘာမီယန်းက အာဆင်နယ်အတွက် ဒု တိယမြောက် ချေပဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။

Google.com

သိပ်မကြာခင်မှာပဲ အာဆင်နယ် ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးပေးခဲ့တဲ့ ကိုလာရှီနက်ဟာ ဘောလုံး လက်ခံရယူစဉ်တည်းက လူကျွံနေတာကြောင့် ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်က VAR ပြန်ကြည့်ပြီး ဂိုး အဖြစ်ကနေ ပြန်လည်ပယ်ဖျက်ခဲ့တာပါ။ ဒုတိယချေပဂိုး ပေးလိုက်ရပြီး နောက်ပိုင်းမှာတော့ တော့တင်ဟမ်ဟာ ကစားပုံပြောင်းသွားခဲ့ပြီး သရေတစ်မှတ်ရဖို့အတွက် ဦးတည်လာခဲ့သလို တန်ပြန်တိုက်စစ်တွေကသာ ခြိမ်းခြောက်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ အာဆင်နယ် တိုက်စစ်ကစားသမား ပေပေဟာ တစ်ကိုယ်တော်အစွမ်း ပြနိုင်သလို တော့တင်ဟမ်ခံစစ်ကိုလည်း အချိန်ပြည့် ဒုက္ခပေးနိုင်ခဲ့ပေမယ့် အသင်းဖော်တွေနဲ့ ချိတ်ဆက်ရာမှာ တော့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ပွဲချိန်မိနစ်(၉၀)ပြည့်တဲ့အထိ ဂိုးထပ်မံ မသွင်းနိုင်ခဲ့ကြလို့ ပွဲအပြီးမှာတော့ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ရဲ့ မြောက်လန်ဒန်ဒါဘီဟာ (၂-၂)ရလဒ်နဲ့ သရေကျခဲ့ပါတယ်။

READ  အာဆင်နယ်တိုက်စစ်ဟာ လီဗာပူးလ်တိုက်စစ်နဲ့ အဆင့်တူဖြစ်ကြောင်း အူဘာမီယန်း ပြောကြား

Finn