၂၀၁၉-၂၀ ယူရိုပါလိဂ်ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲအခမ်းအနားကို ဒီနေ့ညနေကပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ ရိုးမား၊ ဆီဗီလာ၊ လာဇီယို၊ ပေါ်တို၊ ဝုလ်ဖ်ဘတ်၊ ဝုလ်ဗ်၊ စပို့တင်းလစ္စဘွန်း၊ ဆဲလ်တစ် တို့လို့ အသင်းတွေပါဝင်နေတာကြောင့် ဘောလုံးပရိသတ်တွေစိတ်ဝင်စားမှုမြင့်မားတဲ့ ပွဲတခုဆိုလည်း မမှားပါဘူး။

မဲခွဲပွဲကို ဘောလုံးသမားဘဝကနေ ပူပူနွေးနွေးအနားယူထားတဲ့ အင်္ဂလန်ကစားသမားဟောင်း အက်ရှ်လေကိုးလ်လည်း လာရောက် ကူညီပါဝင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အက်ရှ်လေကိုးလ်ရဲ့ အဖြစ်ကို အွန်လိုင်းအသုံးပြုသူတွေက နောက်ပြောင်နေကြတာပါ။ ဘာလို့လည်း ဆိုတော့ အက်ရှ်လေကိုးလ်ဟာ သူတာဝန်ယူရတဲ့ မဲအိုးက နှိုက်ယူလိုက်တဲ့ အသင်းတဝက်လောက်ကို အသံထွက်တွေ မှားတာ၊ မထွက် တတ်တာတွေ ဖြစ်နေလို့ပါပဲ။

ဥပမာအားဖြင့် အက်စ်ပန်ညို (Espanyol) အသင်းကို အက်စ်ပန်ဂျာ (Espanja) လို့ အသံထွက်တာ၊ မဲလိပ်ကိုဖွင့်ပြီး အသံထွက်ဖို့ အသင်းနာမည်ကိုသေချာကြည့်နေရတဲ့ ပုံတွေက ပရိသတ်တွေကို ပွဲကျစေခဲ့တာပါ။ မဲခွဲပွဲကို မကြည့်လိုက်ရတဲ့သူတွေရှိရင်လည်း ဗီဒီယိုလေးတွေကို ကြည့်လိုက်ကြပါဦး။

 

 

Ko Puccy

READ  အိမ်ကွင်းမှာ သရေတစ်မှတ်ရဖို့ အသည်းအသန် ရုန်းကန်ခဲ့ရတဲ့ ချယ်လ်ဆီး