မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၁)ပွဲဖြစ်တဲ့ လိုကိုမိုးတစ်မော်စကိုနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ ပွဲမှာ အက်သလက်တီကိုအသင်းက (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အက်သလက်တီကိုအတွက် ဂိုးတွေကိုတော့ ယာအိုဖီးလစ်နဲ့ သောမတ်စ်ပါတေတို့က ဒုတိယပိုင်းမှာ သွင်းခဲ့ကြတာပါ။

atleticomadrid/twitter

ဒီပွဲမှာ အက်သလက်တီကိုကစားသမားတွေရဲ့ အံ့မခန်းကြိုးစားမှုတခုက အင်တာနက်မှာ နာမည်ကြီးနေပါတယ်။ အက်သလက်တီကိုအသင်းက ဖိကစားနေချိန်မှာ လိုကိုမိုးတစ်အသင်းက ကောင်တာပေါက်ပြီး ထိုးဖောက်ဖို့ ကြိုးစားခဲ့တာပါ။ အဲ့ဒီအချိန်မှာ အက်သလက်တီကိုနောက်တန်းမှာ ကစားသမား (၁)ဦးပဲ ကျန်နေခဲ့ပါတယ်။

ဒါပေမဲ့ အက်သလက်တီကိုကစားသမား (၇)ဦးလောက်ဟာ နောက်တန်းကို အားကုန်ထုတ်ပြီး ပြန်ဆင်းပြေးကာ လိုကိုမိုးတစ်ရဲ့ ကောင်တာကို ကာကွယ်ဖို့ကြိုးစားတာကို တွေ့ရတာပါ။ အက်သလက်တီကိုကစားသမားတွေရဲ့ အသင်းအတွက်ကြိုးပမ်းမှုကို အင်တာနက်အသုံးပြုသူတွေက ချီးကျူးနေကြသလို၊ နည်းပြ ဆီမြွန်နီရဲ့ ကစားသမားတွေဆီက အကောင်းဆုံး ကြိုးစားချင်စိတ်ကို ရအောင်ညှစ်ထုတ်နိုင်တဲ့ အစွမ်းကိုလည်း ချီးကျူးနေကြပါတယ်။

 

အက်သလက်တီကိုနည်းပြ ဆီမြွန်နီဟာ ခံစစ်ကိုအလေးထားတဲ့ နည်းပြအဖြစ် နာမည်ကြီးသူဖြစ်ပြီး အခုဖြစ်ရပ်က သူ့ရဲ့ကစားသမားတွေကို ခံစစ်ကိုဘယ်လောက်အထိ ကြိုးစားစေခဲ့သလဲ ဆိုတာကို ပေါ်လွင်တယ်လို့လည်း ပရိသတ်အချို့က မှတ်ချက်ပြုခဲ့ကြပါတယ်။

 

Ko Puccy
Source: Sportbible, Nouman, Twitter

READ  EFL Cup မှာ အသုံးပြုခွင့်မရှိတဲ့ကစားသမားအသုံးပြုခဲ့လို့ FA ရဲ့ စုံစမ်းစစ်ဆေးမှုခံနေရတဲ့ လီဗာပူးလ်