၂၀၁၉-၂၀ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်(၂)ကို အင်္ဂါ၊ ဗုဒ္ဓဟူးညတွေမှာယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲစဉ်(၁၆)ပွဲမှာ သွင်းဂိုး (၅၂)ဂိုးသွင်းယူခဲ့ကြပါတယ်။ သွင်းဂိုးအများဆုံးသွင်းခဲ့တာကတော့ ဘိုင်ယန်မြူးနစ်အသင်းဖြစ်ပြီး စပါးကို (၇)ဂိုးသွင်းခဲ့တာပါ။ ပွဲစဉ်(၁၆)ပွဲမှာ ဂျန့်နဲ့ နာပိုလီတို့ပွဲတပွဲပဲ ဂိုးမရှိသရေကျခဲ့ပြီး ကျန်ပွဲတွေအားလုံးမှာ ဂိုးတွေမြင်တွေ့ခဲ့ရပါတယ်။ ဂိုးမသွင်းနိုင်တဲ့အသင်းကတော့ (၉)သင်းရှိခဲ့ပြီး ဂါလာတာစာရေး-PSG ၊ ဂျန်-နာပိုလီပွဲတွေကလွဲရင် ကျန်တဲ့ပွဲတွေမှာ သွင်းဂိုး အနည်းဆုံး(၂)ဂိုးနဲ့အထက် ရှိခဲ့ပါတယ်။

soccerway.com

ဒီတပတ်ရဲ့သွင်းဂိုး (၅၂)ဂိုးထဲကနေ UEFA က ဆန်ခါတင်အကောင်းဆုံးသွင်းဂိုး(၄)ဂိုးကို ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီထဲကမှ ပရိသတ်တွေရဲ့ မဲပေးမှုနဲ့အတူ အကောင်းဆုံးဂိုးကို ရွေးချယ်မှာဖြစ်ပါတယ်။ ဒီတပတ်ရဲ့ အကောင်းဆုံးသွင်းဂိုး (၄)ဂိုးကို SportsAhtar ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဇီယက်ခ်ျ (အိုင်းယက်စ်)

မနှစ်က ဆီမီးတက်ခဲ့တဲ့ အိုင်းယက်စ်ကတော့ ဗလင်စီယာကို အဝေးကွင်းမှာ (၃)ဂိုးပြတ်နဲ့နိုင်ခဲ့ပြီး (၂)ပွဲကစား (၂)ပွဲနိုင်နဲ့ Group H ကို ဦးဆောင်ထားပါတယ်။ ဒီပွဲမှာ အိုင်းယက်စ်အတွက် အဖွင့်ဂိုးကို တိုက်စစ်ကစားသမား ဇီယက်ခ်ျက ဂိုးဧရိယာညာဘက်ခြမ်းကနေ လှလှပပသွင်းယူခဲ့တာဖြစ်ပါတယ်။

ကင်းမစ်ခ်ျ (ဘိုင်ယန်မြူးနစ်)

စပါးကိုအဝေးကွင်းမှာ (၇)ဂိုးသွင်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပထမဆုံးဂိုးဖြစ်ပါတယ်။ ဂိုးဧရိယာထိပ်မှာ စပါးကစားသမားတဦးကိုခြေယောင်ပြဖြတ်ကျော်ပြီး ဂိုးသမားလိုရစ်ရဲ့ ညာဘက်ထောင့်ကို လှလှပပကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဆွာရက်ဇ် (ဘာစီလိုနာ)

အင်တာမီလန်အသင်းကို အိမ်ကွင်းမှာအနိုင်ယူခဲ့တဲ့ ဘာစီလိုနာအသင်းအတွက် ဆွာရက်ဇ်က (၂)ဂိုးစလုံးသွင်းပေးခဲ့ပြီး အခုရွေးချယ်ခံရတဲ့ဂိုးကတော့ ပထမဂိုးပါ။ ကွင်းလယ်လူ ဗီဒယ်လ် မ တင်ပေးလိုက်တဲ့ဘောလုံးကို ဂိုးဧရိယာအစပ်ကနေ မြေမကျကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မာနေး (လီဗာပူးလ်)

ရက်ဘူးလ်ဆဲလ်ဘတ်အသင်းကို အိမ်ကွင်းမှာ (၄-၃)ဂိုးနဲ့အနိုင်ယူခဲ့တဲ့ပွဲက လီဗာပူးလ်အသင်းရဲ့ အဖွင့်ဂိုးဖြစ်ပါတယ်။ ဘယ်တောင်ပံကနေ တောက်လျှောက်ဆွဲပြေးလာပြီး တိုက်စစ်မှူး ဖာမီနိုရဲ့ ဝမ်းတူးရိုက်ကာ ဂိုးသမားနဲ့တဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

UEFA ရဲ့ ဝက်ဘ်ဆိုဒ်မှာ မဲပေးချင်တယ်ဆိုရင်တော့ ဒီမှာ သွားရောက်ပြီး ကိုယ်တိုင်မဲပေးနိုင်ပါတယ်။ မဲပေးပြီးပြီဆိုရင် ဘယ်ဂိုးကို ပေးခဲ့လည်း ဆိုတာလည်း ပြောခဲ့ပါဦး….

Ko Puccy
Source: UEFA

READ  ဆန်းချက်ဇ်အတွက် တပတ်ကို ပေါင် (၅၆၀,၀၀၀)လောက်သုံးနေရတဲ့ မန်ချက်စတာယူနိုက်တက်