၂၀၁၉-၂၀ ချန်ပီယံလိဂ် အုပ်စုအဆင့် ပထမပွဲစဉ်တွေကတော့ ကစားပြီးသွားပါပြီ။ ပွဲစဉ်(၁၆)ပွဲမှာ သွင်းဂိုးပေါင်း (၄၅) ဂိုးကို မြင်တွေ့ခဲ့ကြရပြီး ဂိုးမရှိသရေကျတဲ့ပွဲ (၂)ပွဲပဲရှိခဲ့ကာ ကျန်တဲ့ (၁၄)ပွဲစလုံးမှာ သွင်းဂိုးတွေ တွေ့မြင်ခဲ့ရပါတယ်။ အသင်းလိုက်အနေနဲ့ဆိုရင်တော့ ဂိုးမသွင်းနိုင်တဲ့အသင်း (၁၁)သင်းရှိခဲ့ပြီး ကျန်တဲ့အသင်း (၂၁)သင်းကတော့ ဂိုးသွင်းနိုင်ခဲ့ကြပြီး ရက်ဒ်ဘူးလ်ဆဲလ်ဘတ်အသင်းက (၆)ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းနိုင်တဲ့အသင်း ဖြစ်ခဲ့ပါတယ်။

soccerway

ဒီတပတ်ပွဲစဉ်တွေရဲ့ သွင်းဂိုး (၄၅)ဂိုးအနက် UEFA က အကောင်းဆုံးသွင်းဂိုး (၄)ဂိုးကို ထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီထဲကမှ ပရိသတ်တွေရဲ့ မဲပေးမှုနဲ့အတူ အကောင်းဆုံးဂိုးကို ရွေးချယ်မှာဖြစ်ပါတယ်။ ဒီတပတ်ရဲ့ အကောင်းဆုံးသွင်းဂိုး (၄)ဂိုးကို SportsAhtar ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဒီမာရီယာ (PSG)

ရီးရဲလ်မက်ဒရစ်အသင်းကို (၃)ဂိုးပြတ်နိုင်တဲ့ပွဲက ဒီမာရီယာရဲ့ ဒုတိယဂိုးပါ။ ညာတောင်ပံက ဂွီယီရဲ့ ပေးပို့မှုကနေ ဂိုးဧရိယာထိပ်ကနေ ကန်သွင်းခဲ့တဲ့ ကန်ချက်က ဂိုးသမား ကော့ထွာရဲ့ ဘယ်ဘက်ခြမ်းကနေ ဂိုးဝင်သွားခဲ့တာပါ။

 

အယ်လ်ဗာရက်ဇ် (အေဂျက်စ်)

လိုင်လီအသင်းကို (၃)ဂိုးပြတ်နိုင်တဲ့ပွဲမှာ အေဂျက်စ်ရဲ့ ဒုတိယဂိုးပါ။ ညာတောင်ပံကနေတဆင့် ထိုးဖောက်လာတဲ့ဘောလုံးကို အယ်လ်ဗာရက်ဇ်က ဂိုးသမားပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။

 

လူးကပ်စ်မော်ရာ (စပါး)

အိုလံပီယာကော့စ်နဲ့ (၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ စပါးအတွက် ဒုတိယဂိုးပါ။ ဂိုးဧရိယာထိပ်ကနေ  ဂိုးသမားရဲ့ညာဘက်ထောင့်ထဲကို အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။

 

ကွာဒရာဒို (ဂျူဗင်တပ်စ်)

အက်သလက်တီကိုနဲ့ (၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်အတွက် အဖွင့်ဂိုးပါ။ ဂိုးဧရိယာထဲမှာ နောက်ခံလူတွေကို ခြေယောင်ပြပြီး အဝေးထောင့်ကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။

UEFA ရဲ့ ဝက်ဘ်ဆိုဒ်မှာ မဲပေးချင်တယ်ဆိုရင်တော့ ဒီမှာ သွားရောက်ပြီး ကိုယ်တိုင်မဲပေးနိုင်ပါတယ်။ မဲပေးပြီးပြီဆိုရင် ဘယ်ဂိုးကို ပေးခဲ့လည်း ဆိုတာလည်း ပြောခဲ့ပါဦး….

Ko Puccy
Source: UEFA

READ  လိုကိုမိုးတစ်မော်စကိုနဲ့ပွဲက အက်သလက်တီကိုကစားသမားတွေရဲ့ အံ့မခန်းကြိုးစားမှု