ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကစားခဲ့တဲ့ ဒေါ့တ်မွန်အသင်းနဲ့ ၀ါဒါဘရီမင် အသင်းတို့ရဲ့ ပိုကယ်လ်ဖလားပွဲစဉ်မှာ ဒေါ့တ်မွန်က ၀ါဒါဘရီမင်ကို ပင်နယ်တီမှာ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။ အဲဒီပွဲမှာ ဒေါ့တ်မွန်တို့ ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် ဒေါ့တ်မွန်တိုက်စစ်မှူး ပူလီဆစ်ရဲ့ သွင်းဂိုးတစ်ဂိုးကတော့ ပရိသတ်တွေအတွက် ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

AFP

အထူးသဖြင့် ချယ်လ်ဆီးအသင်းပရိသတ်တွေက ရာသီကုန်ရင် ရောက်လာမယ့် ပူလီဆစ်ရဲ့ ခြေစွမ်းပြ သွင်းဂိုးတစ်ဂိုးကို မြင်တွေ့လိုက်ရလို့ ချယ်လ်ဆီးကိုရောက်လာဖို့ မစောင့်နိုင်တော့ဘူး ဆိုပြီး တွစ်တာပေါ်မှာ ရေးသားနေကြတာပါ။

တချို့ပရိသတ်တွေကတော့ ပူလီဆစ်ရဲ့ ဒီ သွင်းဂိုးဟာ မက်ဆီနဲ့တောင် တူတယ်လို့ ချီးကျူးနေကြပြီး ကွင်းလယ်ကနေ ပြိုင်ဖက်ကစားသမားတွေကို လိမ်ခေါက်ကာ အသင်းဖော်နဲ့အပေးအယူလုပ် ဂိုးသွင်းသွားခဲ့တာက တကယ့်ကို မက်ဆီရဲ့ စတိုင်အတိုင်းပဲလို့ မှတ်ချက်ပေးနေကြတာပါ။

REX

ချယ်လ်ဆီးပရိသတ်တွေဟာ တစ်ဖက်မှာလည်း ဟာဇက်မရှိတော့မယ့် အသင်းရဲ့အနေအထားကို စိတ်ပူနေခဲ့ကြပြီး တစ်ဖက်မှာတော့ ပူလီဆစ်ရဲ့ ခြေစွမ်းပြမှုအပေါ် ကျေနပ်နေကြတာပါ။

ချယ်လ်ဆီးအသင်းရဲ့ ပေါင် (၅၈)သန်းတန် တိုက်စစ်မှူးဟာ ဒေါ့တ်မွန်အသင်းရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွေမှာ ပွဲထွက်ဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး ဖလားပွဲစဉ်တွေမှာပဲ ပါဝင်ကစားခွင့်ရနေပေမယ့် ချယ်လ်ဆီးပရိသတ်တွေကတော့ ပူလီဆစ် ဟာ ချယ်လ်ဆီးမှာ နေရာတစ်ခုကို အခိုင်အမာ ဆုပ်ကိုင်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

Linn

Source : Dailymail

READ  ဇနီးသည်ရဲ့အကူအညီနဲ့ ဆေးစစ်မှုတွေကိုလိမ်ညာကျော်ဖြတ်ခဲ့တဲ့ တိုက်စစ်မှူး