ချက်ဂိုးသမားကြီး ပီတာဆက်ခ်ျဟာ ပြီးခဲ့တဲ့ရာသီကုန်က ဘောလုံးသမားဘဝက အနားယူသွားခဲ့သူပါ။

wikipedia

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီး၊ အာဆင်နယ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ပီတာဆက်ခ်ျဟာ လက်ရှိအချိန်မှာ အသင်းဟောင်း ချယ်လ်ဆီးအသင်းမှာ နည်းစနစ်နဲ့ စွမ်းဆောင်ရည် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

အခုတော့ ပီတာဆက်ခ်ျဟာ ရေခဲပြင်ဟော်ကီအသင်း Guildford Phoenix အသင်းမှာ ကစားဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။ Guildford Phoenix အသင်းဟာ ဗြိတိန် ရေခဲပြင်စကိတ်လောကမှာတော့ စတုတ္ထတန်းမှာယှဉ်ပြိုင်နေတဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကမှ အသင်းကို စတင်ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။ ပီတာဆက်ခ်ျဟာ Guildford Phoenix အတွက်လည်း ဂိုးသမားအဖြစ် ကစားပေးသွားမှာပါ။

အခုလို Guildford Phoenix အသင်းကို ပြောင်းရွှေ့ခဲ့တာနဲ့ပတ်သက်ပြီး ပီတာဆက်ခ်ျက ‘အခုလို Guildford Phoenix အသင်းနဲ့ လက်တွဲခွင့်ရလို့ ကျေနပ်မိပါတယ်။ ဒီအသင်းဟာ ငယ်ရွယ်သေးတဲ့ အသင်းတသင်းဖြစ်ပြီး သူတို့ရဲ့ ရည်မှန်းချက်တွေကို ရောက်ရှိဖို့ ကျွန်တော့်အနေနဲ့ ကူညီပေးသွားမှာပါ။ ဘောလုံးလောကမှာ နှစ် (၂၀)လောက် ကျင်လည်ခဲ့ပြီးနောက်မှာ အခုလို အတွေ့အကြုံသစ်ရယူနိုင်တော့မဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်’ လို့ အသင်းရဲ့ဝက်ဘ်ဆိုက်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ပီတာဆက်ခ်ျက ရေခဲပြင်ဟော်ကီအားကစားနည်းဟာ သူ ငယ်ငယ်ကတည်းက နှစ်ခြိုက်ခဲ့တဲ့ အားကစားနည်းဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပါသေးတယ်။ ပီတာဆက်ခ်ျဟာ Guildford Phoenix အတွက် လာမဲ့ တနင်္ဂနွေနေ့မှာကစားမဲ့ Swindon Wildcats ပွဲစဉ်မှာတင် ပွဲထွက်လာနိုင်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

Ko Puccy
Source: SkySports

READ  အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က စစ်ဆေးမှု ပြုလုပ်နေပြီဖြစ်တဲ့ မော်ရင်ဟိုရဲ့ လက်ချောင်းအဓိပ္ပာယ်