ပရီးမီးယားလိဂ် အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ချယ်လ်ဆီးရဲ့ ၀ါရင့်နောက်ခံလူ လူးဝစ်ဇ်ဟာ မြို့ခံပြိုင် ဘက် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့လို့ ဘောလုံးပရိသတ်တွေ အံ့အားသင့်ခဲ့ ကြပါတယ်။ အင်္ဂလိပ်မီဒီယာတွေ ကတော့ နည်းပြသစ်လမ်းပတ်နဲ့ လူးဝစ်ဇ်ကြားမှာ ပြဿနာတွေ ရှိနေတာကြောင့် လူးဝစ်ဇ် ချယ်လ်ဆီးက ထွက် ခွာခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် သူနဲ့ လူးဝစ်ဇ်ကြား ဘာပြဿနာ မရှိကြောင်း လမ်းပတ်က ငြင်းဆိုခဲ့ပါတယ်။

Arsenal/Twitter

လူးဝစ်ဇ်ကတော့ သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘာမှ မပြောပဲ အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီးမှ အာဆင်နယ်-ဘန်လေပွဲအပြီး အင်တာဗျူးမှာ ချယ်လ်ဆီးကနေ ထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်းကို ပထမဆုံး အကြိမ်အဖြစ် ပြောပြခဲ့တာပါ။

ChelseaFC/Twitter

“ လမ်းပတ်က ချယ်လ်ဆီးအသင်းအတွက် သူ့ရဲ့ အစီအစဉ်တွေကို ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ ကျွန်တော် ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ သူ့စိတ်ကူးနဲ့ မတူညီကြောင်းကို လမ်းပတ်က ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပါ။ ဒါကြောင့် အာဆင်နယ်လို ထိပ်တန်းကလပ်က ကမ်းလှမ်းလာတဲ့အခါ ချက်ချင်း လက်ခံခဲ့တာ ဖြစ်ပါတယ်” ဆိုပြီး လူးဝစ်ဇ် က သူ့ရဲ့ အပြောင်းအရွှေ့အကြောင်းကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟခဲ့တာပါ။

ChelseaFC.Com

ချယ်လ်ဆီးအသင်းနဲ့ ပတ်သတ်ပြီးလည်း “ ကျွန်တော့်ရင်ထဲမှာ ချယ်လ်ဆီးအသင်း ရှိနေဆဲပါ။ ကိစ္စတိုင်းကို လူတွေ လက်ခံနားလည်ပေးဖို့ မလွယ်ကူမှန်း ကျွန်တော်သိပါတယ်။ အသင်းကို အသွင်သစ် ပြောင်းလဲဖို့ ဆန္ဒပြင်းပြနေတဲ့ မန်နေဂျာနဲ့ ချယ်လ်ဆီးအသင်းကို လေးစားမှုရှိကြောင်း ပြဖို့အတွက် အသင်းက ထွက်ခွာဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။

Finn

 

READ  ပေးဂိုးမရှိနိုင်ပွဲတစ်ပွဲ ထပ်မံယူနိုင်ခဲ့တဲ့ လီဗာပူးလ်