ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အဓိကအမှတ်ပေးတဲ့ ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Whoscored က စက်တင်ဘာလအတွင်း စွမ်းဆောင်ရည်အကောင်းဆုံး ကစားသမား(၁၁)ဦးကို ရွေးချယ်ခဲ့ပြီး ဘယ်သူတွေပါဝင်ခဲ့သလိုဆိုတာကို SportsAhtar ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

whoscored.com

ဂိုး – စတက်ဖန် (ဒက်ဆယ်လ်ဒေါ့ဖ်)

မန်စီးတီးအသင်းကနေ အငှားချထားတဲ့ ဂိုးသမား ဇက်စတက်ဖန်ဟာ စက်တင်ဘာလအတွင်းမှာ ဒက်ဆယ်လ်ဒေါ့ဖ်အသင်းအတွက် ပယ်နယ်တီကာကွယ်မှု တခုအပါအဝင် ဂိုးပေါက်ကာကွယ်မှု (၂၁)ကြိမ်အထိ ပြုလုပ်ပေးထားတဲ့ ကစားသမားတဦးဖြစ်ပါတယ်။

city_chief/twitter

ညာနောက်ခံလူ – ရီကာဒိုပရဲရား (လက်စတာ)

လက်စတာအသင်းရဲ့ ပေါ်တူဂီလက်ရွေးစင်ညာနောက်ခံလူဟာ အသင်းအတွက် အိမ်ကွင်း(၂)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို၊ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ ပွဲစဉ်(၃)ပွဲမှာ ဘောလုံးဖျက်ထုတ်မှုပေါင်း (၁၃)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

bbc.co.uk

နောက်ခံအတွင်းလူ – ဆာနီ (ရှော်လ်ကေး)

နောက်ခံလူ ဆာနီဟာ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်(၃)ပွဲမှာ ရှော်လ်ကေးအတွက် (၂)ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ(၃)ပွဲမှာ ဖျက်ထုတ်မှုနဲ့ ဘောလုံးတားဆီးရယူမှု (၁၀)ကြိမ်ရှိခဲ့လို၊ ခေါင်းတိုက်ယှဉ်လုမှု (၁၆)ကြိမ် အသာရရှိခဲ့ပါတယ်။

နောက်ခံအတွင်းလူ – ဘိုယာတာ (ဟာသာဘာလင်)

မန်စီးတီးကစားသမားဟောင်း ဘိုယာတာဟာ စက်တင်ဘာလအတွင်းမှာ ဟာသာဘာလင်အတွက် (၁)ဂိုးသွင်းပေးနိုင်ခဲ့သလို၊ ကစားခဲ့တဲ့ ပွဲစဉ်(၃)ပွဲအနက် (၂)ပွဲမှာ လူပေးမှု (၉၀) ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါမှာ တလတာအတွင်း ဘောလုံးရှင်းထုတ်မှုအများဆုံး (၁၉ ကြိမ်)အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘယ်နောက်ခံလူ – ဟာကီမီ (ဒေါ့မွန်)

ရီးရဲလ်က အငှားနဲ့လာကစားနေတဲ့ ဟာကီမီဟာ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်(၃)ပွဲမှာ ဒေါ့မွန်အတွက် တိုက်စစ်ကော၊ ခံစစ်မှာပါ အစွမ်းပြခဲ့သူပါ။ အသက်(၂၀)ပဲ ရှိသေးတဲ့ ဟာကီမီဟာ တိုက်စစ်မှာ လိမ်ခေါက်ဖြတ်ကျော်မှု (၁၁)ကြိမ်၊ ဂိုးကန်သွင်းမှု (၃)ကြိမ်၊ အဓိကပေးပို့မှု (၄)ကြိမ် ပြုလုပ်နိုင်ခဲ့သလို၊ ခံစစ်မှာလည်း ဖျက်ထုတ်မှု (၇)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

whoscored.com

ညာတောင်ပံ – မာရက်ဇ် (မန်စီးတီး)

မာရက်ဇ်ဟာ စက်တင်ဘာလအတွင်း မန်စီးတီးအတွက် ပရီးမီးယားလိဂ်မှာ (၃)ပွဲစလုံးကစားခွင့်ရခဲ့ပြီး (၂)ဂိုးသွင်းပြီး (၁)ဂိုးဖန်တီးပေးနိုင်ခဲ့သူပါ။ သူဟာ ဝက်ဖို့ဒ်နဲ့ အဲဗာတန်တို့ကို အနိုင်ရခဲ့ပွဲ (၂)ပွဲစလုံးမှာ အသင်းအတွက်ခြေစွမ်းပြနိုင်ခဲ့ပြီး အဲဗာတန်နဲ့ပွဲမှာ Man of the Match ဆုကိုလည်း ရရှိခဲ့ပါတယ်။

mahrez/twitter

ကွင်းလယ် – ကော်တင်ဟို (ဘိုင်ယန်မြူးနစ်)

ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြန်ပြနေတဲ့ ကော်တင်ဟိုဟာ စက်တင်ဘာလအတွင်းမှာ အသင်းအတွက် (၂)ဂိုးသွင်းပြီး (၂)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ကွင်းလယ် – ဆာဒါ (ရှော်လ်ကေး)

စက်တင်ဘာလထဲမှာ (၃)ပွဲစလုံးနိုင်ခဲ့တဲ့ ရှော်လ်ကေးအတွက် ဆာဒါဟာ (၂)ဂိုးသွင်းပေးနိုင်ခဲ့သလို၊ လိမ်ခေါက်ဖြတ်ကျော်မှု (၇)ကြိမ်၊ အဓိပေးပို့မှု (၂)ကြိမ်နဲ့ ဂိုးပေါက်ကန်သွင်းမှု (၅)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ခံစစ်မှာလည်း အစွမ်းပြခဲ့ပြီး ဘောလုံးဖျက်ထုတ်မှု (၁၄)ကြိမ်နဲ့ တားဆီးရယူမှု (၄)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘယ်တောင်ပံ – ဟာရစ် (ရှော်လ်ကေး)

စက်တင်ဘာလအတွက် Whoscored ရဲ့ တလတာအကောင်းဆုံးကစားသမားပဲ ဖြစ်ပါတယ်။ ဟာရစ်ဟာ ရှော်လ်ကေးအတွက် ဘွန်ဒက်စ်လီဂါမှာ စက်တင်ဘာလအတွင်း (၃)ပွဲကစား (၃)ဂိုးသွင်း၊ (၃)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး – မိုရီနို (ဗီလာရီးရဲလ်)

စက်တင်ဘာလအတွင်း ဗီလာရီးရဲလ်အသင်းဟာ လာလီဂါပွဲစဉ်(၅)ပွဲကစားခဲ့ရပြီး တိုက်စစ်မှူး မိုရီနိုက (၄)ဂိုးသွင်းယူနိုင်ခဲ့ကာ (၁)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး – ဆလီမာနီ (မိုနာကို)

စက်တင်ဘာလအတွက် Whoscored ရဲ့ ဒုတိယအကောင်းဆုံးကစားသမားဖြစ်တဲ့ ဆလီမာနီဟာ မိုနာကိုအတွက်ကစားခဲ့တဲ့ လီဂူးပွဲစဉ် (၅)ပွဲမှာ (၃)ဂိုးသွင်းယူနိုင်ခဲ့ပြီး ကစားဖော်တွေအတွက် (၄)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လအတွက် Whoscored ရဲ့ တလတာအကောင်းဆုံးအသင်းကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Ko Puccy
Source: Whoscored

READ  စက်တင်ဘာတလတာအကောင်းဆုံး ဆန်ခါတင်စာရင်းဝင်တွေရဲ့ စွမ်းဆောင်ရည်တွေ