Fantasy Premier League ကိုတော့ ဘောလုံးဝါသနာရှင် အတော်များများရင်းနှီးပြီးသားဖြစ်မှာပါ။

နှစ်စဉ်နှစ်တိုင်း ပါဝင်ကစားသူ သန်းပေါင်းများစွာရှိတဲ့ Fantasy Premier League ဟာ လက်ရှိပရီးမီးယားလိဂ်ကစားသမားတွေထဲက ကစားသမား (၁၅)ဦးကို ပေးထားတဲ့ ငွေနဲ့လောက်ငှအောင်ဝယ်ယူပြီး သူတို့ရဲ့ အပြင်က စွမ်းဆောင်ရည်တွေအတိုင်း အမှတ်တွေရတဲ့ ပြိုင်ပွဲဖြစ်လို့ ကစားသူရဲ့ ရွေးချယ်မှုက အလွန်ကိုအရေးပါလှပါတယ်။

 

၂၀၁၉-၂၀ ဘောလုံးရာသီအတွက် Fantasy Premier League မှာ ထိပ်ဆုံးကဦးဆောင်နေတဲ့အသင်းအမည်က‘winorloseonthebooze’ ဆိုတဲ့အသင်းဖြစ်ပြီး ရမှတ်ပေါင်း (၅၈၇)မှတ်နဲ့ ဦးဆောင်နေတာပါ။ အသင်းကိုကိုင်တွယ်နေတဲ့ ကစားသူကတော့ Nick Tanner ဖြစ်ပြီး သူဟာ လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်းတဦးလည်း ဖြစ်ပါတယ်။

fantasypremierleague

တန်နာဟာ လီဗာပူးလ်အသင်းမှာ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်း ပွဲပေါင်း(၄၀) ကစားခဲ့ဖူးသူပါ။ လက်ရှိမှာ တန်နာရဲ့ အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၈)မှာ ရမှတ် (၆၅)မှတ် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

တန်နာက အသင်းရွေးချယ်မှုနဲ့ပတ်သက်ပြီး သောကြာနေ့တိုင်း ဘီယာသောက်ရင်း ကစားသမားတွေ ရွေးလေ့ရှိကြောင်းပြောခဲ့ပြီး၊ အခုလို အမှတ်များရတဲ့ လျှို့ဝှက်ချက်အနေနဲ့ နောက်တန်းကို ဈေးကြီးတဲ့ ကစားသမားတွေမသုံးဘဲ ကွင်းလယ်အတွက် ငွေပိုသုံးကာ ကစားသမားကောင်းတွေ ခေါ်ယူထားသင့်ကြောင်း ပြောခဲ့ပါတယ်။ လက်ရှိ တန်နာရဲ့ အသင်းမှာ ဆာလာ၊ မာနေး၊ စတာလင်၊ မေဆင်မောင့် တို့လို ကွင်းလယ်ကစားသမားတွေ (Fantasy Premier League မှာ သူတို့ကို ကွင်းလယ်လူတွေအဖြစ် သတ်မှတ်ထား) ရှိနေတာက ဒီလို အမှတ်တွေ အများကြီးရစေတဲ့အချက်ဆိုရင်လည်း မမှားပါဘူး။

ဒါ့အပြင် ဘောလုံးအကြောင်း နားလည်ဖို့၊ ဘောလုံးပွဲတွေ လက်လှမ်းမီသလောက်ကြည့်ပြီး ဘယ်သူတွေခြေစွမ်းတက်နေသလဲဆိုတာ သိဖို့လိုသလို၊ နောက်ဆုံးအနေနဲ့ ကံကောင်းဖို့ကလည်း အရေးကြီးတယ်လို့ တန်နာက အရွှန်းဖောက်ပြီး ပြောခဲ့ပါသေးတယ်။

Ko Puccy
Source: Sportbible

READ  ပေါ့ဂ်ဘာကို ရောင်းလိုက်မိရင် မန်ယူအသင်း အမှားကြီးမှားလိမ့်မယ်လို့ ဘာဘာတော့ဗ်သတိပေး