ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညတုန်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ PSG နဲ့ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ပွဲစဉ်ကစားခဲ့ပါတယ်။ အဲဒီပွဲမှာ PSG က ရီးရဲလ်မက်ဒရစ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကို အားလုံးသိပြီးသားဖြစ်ကြမှာပါ။

အခုတော့ အင်တာနက်ပေါ်မှာ ပွဲမစခင် ရီးရဲလ်အသင်းသားတွေ အသင်းလိုက်ဓာတ်ပုံရိုက်ဖို့လုပ်နေတုန်းကဖြစ်ရပ်တခု ပျံ့နှံ့လာပါတယ်။ အဲဒီ ဗီဒီယိုထဲမှာ ရီးရဲလ်အသင်းခေါင်းဆောင် ဗာရန်းက ရီးရဲလ်အသင်းရဲ့ တံဆိပ်ပါတဲ့ တံခွန်အလံကို အသင်းဖော် ဂါရတ်ဘေးလ်ကို ကိုင်ဖို့ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဘေးလ်က ချက်ချင်းမယူသေးဘဲ ဗာရန်းကို တချက်ကြည့်လိုက်ပြီး နောက်မှ မယူချင့်ယူချင်နဲ့ လှမ်းယူလိုက်ပါတယ်။ အဲဒီနောက်မှာ ချက်ချင်းဆိုသလိုပဲ ဘေးနားက စပိန်နောက်ခံလူ ကာဗာဂျယ်လ်ရဲ့ လက်ထဲကို တံခွန်အလံကို ထိုးပေးလိုက်တာကို တွေ့ရပါတယ်။

 

ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီး အင်တာနက်အသုံးပြုသူတွေကတော့ ဘေးလ်တယောက် ရီးရဲလ်အသင်းကို အတော်မကျေမနပ်ဖြစ်နေပုံရတယ်လို့ မှတ်ချက်ပေးနေကြသလို၊ တချို့ကလည်း ဘေးလ်က အနေအထိုင်အေးပြီး ထင်ပေါ်ချင်တဲ့သူ မဟုတ်လို့ အသင်းလိုက်ပုံမှာ တံခွန်ကိုမကိုင်ရုံသာ ဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။ ဗီဒီယိုကိုကြည့်ပြီးတော့ သင်ရော ဘယ်လိုထင်ပါသလဲ။

Ko Puccy
Source: Twitter, Sportbible

READ  စက်တင်ဘာ(၁၀)ရက်အတွက် နောက်ဆုံးရအားကစားသတင်းများ