ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂရာနာဒါအသင်းကို (၄-၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ရီးရဲလ်အတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူး ဘန်ဇီမာ၊ ဟာဇက်၊ မိုဒရစ်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့က အသီးသီးသွင်းခဲ့ကြတာပါ။

ဒါပေမဲ့ ဒီပွဲမှာရီးရဲလ်ပရိသတ်တွေရဲ့ လက်ခုပ်သံကိုရယူသွားခဲ့တာကတော့ ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ပါ။ ဘေးလ်ဟာ တိုက်စစ်မှူး ဘန်ဇီမာရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး သူ့ကို (၈၃)မိနစ်မှာ ဂျိမ်းစ်ရိုဒီရီဂွက်ဇ်နဲ့ လူစားလဲခဲ့ချိန်မှာတော့ အိမ်ကွင်းပရိသတ်တွေရဲ့ မတ်တပ်ရပ်ပြီးလက်ခုပ်သြဘာပေးမှုတွေကို ရရှိခဲ့ပါတယ်။

ဒီလိုအားပေးမှုရဲ့ အဓိကအကြောင်းရင်းကတော့ ဘေးလ်ရဲ့ ဘန်ဇီမာအတွက် ဂိုးဖန်တီးမှုကြောင့်ဆိုရင်လည်း မမှားပါဘူး။ ပွဲချိန် (၂)မိနစ်မှာပဲရရှိခဲ့တဲ့ အဲဒီဂိုးကို ဘေးလ်ရဲ့ဖန်တီးပေးမှုက World-Class ဖြစ်တယ်လို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။ ဘေးလ်ဟာ ဂိုးဧရိယာညာဘက်ခြမ်းကနေ ဘန်ဇီမာဆီကို တိကျတဲ့ ဝေ့ဝိုက်ကန်ချက်နဲ့ ဘောလုံးပေးပို့ခဲ့တာဖြစ်ပြီး banana assist လို့ အင်တာနက်မှာ နာမည်ကြီးနေပါပြီ။

ဒီပွဲမှာ ရီးရဲလ်အသင်းအတွက် ဂိုးစတင်သွင်းနိုင်ခဲ့ပြီဖြစ်တဲ့ ဟာဇက်ကလည်း ပွဲအပြီးမှာ အခုလို အသင်းသစ်အတွက် အဖွင့်ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ရကြောင်းနဲ့ ဂိုးတွေထပ်ရဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ကတိပေးစကားဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Ko Puccy
Source: Twitter, Sportbible

READ  ပရီးမီးယားလိဂ်ချန်ပီယံဆုရနိုင်တဲ့အသင်းစာရင်းမှာ မန်စီးတီး(B)အသင်းကိုပါ ထည့်သွင်းလိုက်တဲ့ မော်ရင်ဟို