ဘန်လေ(၀-၃)လီဗာပူးလ် ပွဲပြီအင်တာဗျူးမှာ လီဗာပူးလ်နည်းပြ ကလော့ပ်က လူစားလဲခံရချိန်မှာ ဒေါသတကြီး ဖြစ်ခဲ့တဲ့ မာနေးရဲ့ အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး မာနေးဟ လူစားလဲခံရလို့ ဒေါသထွက်ပြီး ပေါက် ကွဲနေတာ မဟုတ်ကြောင်း ငြင်းဆန်သွားခဲ့ပါတယ်။

ဘန်လေ-လီဗာပူးလ်ပွဲရဲ့ ပွဲချိန်(၈၅)မိနစ်မှာ နည်းပြကလော့ပ်ဟာ ဖာမီနိုနဲ့ မာနေးတို့ကို ရှာကီရီ၊ အိုရီဂီတို့နဲ့ လူစားလဲခဲ့ပါတယ်။ လူစားလဲခံရလို့ ကွင်းပြင်ကို ထွက်လာချိန်မှာတော့ မာနေးဟာ ဒေါသတကြီးနဲ့ ပေါက်ကွဲနေ ပြီး နည်းပြကလော့ပ်ကိုလည်း လက်ဆွဲနှုတ်ဆက်ခြင်း မရှိသလို နည်းပြအဖွဲ့ဝင်တစ်ဦးနဲ့လည်း စကားအချေအ တင်ဖြစ်နေခဲ့လို့ အသင်းဖော် ဖာမီနိုက ၀င်ရောက် ဖျန်ဖြေပေးခဲ့ရပါတယ်။

ကလော့ပ်က “ ဆာဒီယို မာနေးဟာ စိတ်ခံစားချက် အရမ်းပြင်းထန်သူ တစ်ဦးပါ။ လူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း တူနိုင်မှာ မဟုတ်ပါဘူး။ လူစားလဲခံရလို့ သူပေါက်ကွဲနေတာ မဟုတ်ပါဘူး။ သူ့စိတ်ထဲ မှာ မကျေနပ်ချက် တစ်ခုခုရှိနေလို့ ဖြစ်မှာပါ။ ကျွန်တော် ဒီကိစ္စကို အ၀တ်လဲခန်းထဲမှာ ချက်ချင်း ဖြေရှင်းသွား မှာပါ ” ဆိုပြီး ပြောခဲ့ပါတယ်။

Liverpool FC.Com

လီဗာပူးလ်အသင်း ရသွားခဲ့တဲ့ ဦးဆောင်ဂိုးဟာ ကံကြမ္မာရဲ့ ဖေးမှုကြောင့် ရခဲ့တာလို့ ၀န်ခံခဲ့ပြီး ဒီနေ့ပွဲမှာ လီဗာ ပူးလ် ကစားသွားတဲ့ ခြေစွှမ်းကို အားရကျေနပ်မိကြောင်း ၀န်ခံခဲ့ပြီး ဒီရာသီရဲ့ ပထမဆုံးပေးဂိုး မရှိတဲ့ ပွဲတစ်ပွဲ (Clean Sheet)ရယူပေးနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ခံစစ်ကစားသမားတွေကိုလည်း ချီးကျူးစကား ပြောသွား ခဲ့ပါတယ်။

Finn

READ  မော်ရင်ဟိုထွက်ရ၊မထွက်ရဆိုတာ ရိုဟိုနဲ့ပေါင်(၂၀၀၀၀)ကြေးလောင်းခဲ့တဲ့ဆန်းချက်ဇ်