ဘာစီလိုနာဥက္ကဋ္ဌ Josep Maria Bartomeu က အသင်းမှာ PSG တိုက်စစ်မှူး နေမာကို ပြန်ခေါ်မှာလားဆိုတဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား ငြင်းချက်ထုတ်ခဲ့ပါတယ်။ Bartomeu က နေမာကို ပြန်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ဘဲ၊ အသင်းမှာ သူ့ထက်ကောင်းတဲ့ ဒမ်ဘီလီကို ပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့ ပြောခဲ့တာပါ။

ဒမ်ဘီလီဟာ အသက်(၂၁)နှစ်သာရှိသေးတဲ့ ပြင်သစ်လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး၊ ကော်တင်ဟိုကိုလည်း အသင်းကနေ ရောင်းထုတ်မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။ ဒမ်ဘီလီ-ကော်တင်ဟို နှစ်ဦးစလုံးအတွက် အသင်းမှာ စီမံကိန်းရှိပြီးသားလို့ Bartomeu က ပြောခဲ့တာပါ။

AFP

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ (၂၀၁၇)ကတည်းက ဒေါ့မွန်အသင်းကနေ ဘာကာဆီကို ရောက်ရှိခဲ့တာဖြစ်ပြီး၊ ကနဦးခေါ်ယူတုန်းကတည်းက နေမာနေရာကို အစားထိုးဖို့ ရည်ရွယ်ချက် ရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ အတွေ့အကြုံ ရှာနေဆဲ ခြေတက်ကစားသမားဖြစ်လို့ နေမာလောက် အသင်းကို ထောက်ပံ့မှု မပြုနိုင်သေးသည်မှာ မှန်သော်လည်း မကြာခင်မှာ ဒမ်ဘီလီဟာ ကမ္ဘာ့အကောင်းဆုံးစာရင်း ဝင်လာမှာလို့ ဥက္ကဋ္ဌက ယုံကြည်ပါတယ်။

(AP Photo/Joan Monfort)

ကော်တင်ဟိုကတော့ ဒီတစ်ပတ် ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး၊ အသင်းအတွက် နောက်ဆုံးပိတ် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဥက္ကဋ္ဌရဲ့အဆိုအရတော့ ကောင်တင်ဟို-ဒမ်ဘီလီနှစ်ဦးစလုံးဟာ အသင်းအတွက် အရေးပါတဲ့ အနာဂတ်စီမံကိန်းမှာ ပါဝင်နေလို့ လက်လွှတ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

လင်းဇော်ကို (SportAhtar)

Source : thesun.co.uk

READ  ဗယ်လ်ကာနို နဲ့ပွဲစဉ်မှာ တွေ့လိုက်ရတဲ့ မက်ဆီရဲ့အတုယူစရာအားကစားစိတ်ဓာတ်