အက်သလက်တီကို အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ရောင်းချမယ်လို့ အတည်ပြုလိုက်ပြီးတဲ့နောက် ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာမယ့် အဓိက ကစားသမား (၅) ဦးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီ(၅)ယောက်ထဲက (၄)ယောက်က ခံစစ်ကစားသမားတွေဖြစ်ကြပြီး ဘိုင်ယန်ကိုပြောင်းတော့မယ့် လူးကပ်စ်ဟာနန်ဒက်ဇ် ၊ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ ဂိုဒင်၊ ဂျူအန်ဖရန်နဲ့ ဖိလစ်ပီလူးဝစ် စတဲ့ ကစားသမားတွေဟာ ဒီရာသီမှာ အက်သလက်တီကိုရဲ့ ခံစစ်ကို အဓိက ဦးဆောင်နေခဲ့တာပါ။

TheSun

ပရိသတ်တွေကတော့ ဂျီမီနက်ဇ်နဲ့ ဆာဗစ် တို့သာ ကျန်တော့မယ့် ခံစစ်ပိုင်းအတွက် စိုးရိမ်နေကြပြီး အက်သလက်အနေနဲ့  ခံစစ်ကစားသမားကောင်းတွေ ပြန်လည်ဖြည့်တင်းနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။

တိုက်စစ်မှာလည်း ဂရစ်ဇ်မန်းသာ ထွက်သွားရင် ဒီယေဂိုကော်စတာ၊ မိုရာတာ ၊ ကာလီနစ် တို့ပဲ ရှိမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းကနေ အငှားခေါ်ထားတဲ့ မိုရာတာကိုလည်း ဆက်လက်ခေါ်ယူဖို့ မသေချာသေးလို့  တိုက်စစ်က သိသိသာသာ အားနည်းသွားဦးမှာပါ။

AP

စပိန်သတင်းစာတွေကတော့ အက်သလက်တီကို ဟာ ဂရစ်ဇ်မန်းကို ရောင်းချလို့ရမယ့် ပေါင် (၁၀၈)သန်းကို သုံးပြီး ကစားသမားခေါ်ယူမှုတွေ ပြုလုပ်သွားရမှာဖြစ်တယ်လို့ ရေးသားနေကြပါတယ်။

အက်သလက်တီကိုအသင်းမှာ (၅)နှစ်ကြာ ကျင်လည်ခဲ့ပြီး အသင်းရဲ့ပုံရိပ်ကစားသမားဖြစ်ခဲ့တဲ့ ဂရစ်ဇ်မန်းဟာ နည်းပြဆီမြွန်နီ ၊ အသင်းပိုင်ရှင် မီဂွယ် တို့နဲ့တွေ့ဆုံခဲ့ပြီး သူ့အနေနဲ့အသင်းက ထွက်ခွာတော့မယ့်အကြောင်း အသိပေးခဲ့တာပါ။ အဲဒီနောက်မှာတော့ ဆွေးနွေးမှုတွေ အဆုံးသတ်သွားခဲ့ပြီး အက်သလက်အသင်းက သူတို့ရဲ့တွစ်တာမှာ ဂရစ်ဇ်မန်းတစ်ယောက် ထွက်ခွာတော့မယ်ဆိုတဲ့အကြောင်းကို တရားဝင်အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။

AFP

Linn

Source : TheSun

READ  အသင်းကို ပြန်လည်မွမ်းမံဖို့ ပေါင်သန်း(၄၃၀)အထိ အသုံးပြုဖွယ်ရှိနေတဲ့ ရီးယဲမက်ဒရစ်