ဘာစီလိုနာနဲ့ ပြင်သစ်အသင်းရဲ့နောက်ခံကစားသမား အမ်တီတီကတော့ ဘာစီလိုနာအသင်းကို ဂရစ်ဇ်မန်းတစ်ယောက် ပြောင်းရွှေ့လာမယ်ဆိုတဲ့သတင်းတွေအပေါ် သံသယရှိနေသူပါ။ အက်သလက်တီကိုကနေ ဂရစ်ဇ်မန်းတစ်ယောက် ထွက်ခွာတော့မယ်လို့ ကြေညာပြီးတဲ့နောက် မီဒီယာတွေက ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကို သေချာပေါက်ရောက်သွားလိမ့်မယ်လို့ ဖော်ပြခဲ့ကြပေမယ့် အမ်တီတီဆီမှာတော့ သူတို့နဲ့ ကွဲပြားတဲ့အမြင်တွေရှိခဲ့တာပါ။ အဲဒါကလည်း ဘာစီလိုနာအသင်းဖော်တွေကြောင့်ပါပဲ။

(AP Photo)

“သူ ဘာစီလိုနာကိုရောက်လာမလား? တကယ့်ကိုကောင်းတဲ့မေးခွန်းပါပဲ။ ဒါပေမယ့် အမှန်တရားကတော့ ဘာစီလိုနာကစားသမားတွေရဲ့အ၀တ်လဲခန်းထဲမှာ ဂရစ်ဇ်မန်းရဲ့နာမည်ကို လုံးဝကိုမကြားခဲ့ရတာပါ။ ပုံမှန်အားဖြင့်တော့ ကစားသမားသစ်တစ်ယောက် ရောက်လာတော့မယ်ဆိုရင် သူတို့က အဲဒီကစားသမားအကြောင်း ပြောလေ့ရှိကြပေမယ့် ဒီတစ်ကြိမ်မှာတော့ အ၀တ်လဲခန်းထဲမှာ ဂရစ်ဇ်မန်းရဲ့နာမည်ကို ဘယ်သူမှ မပြောကြဘူး။ အဲဒါက ဂရစ်ဇ်မန်းတစ်ယောက် ဘာစီလိုနာကိုရောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို ဖော်ပြတာမျိုးလို့ ပြောလို့ရတယ်မို့လား” လို့အမ်တီတီက သူ့ရဲ့ပြင်သစ်အသင်းဖော်နဲ့ ပတ်သက်ပြီး ပြောပြသွားခဲ့ပါတယ်။

Twitter

ဂရစ်ဇ်မန်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူ့အနေနဲ့ ဘယ်နေရာမှာ သွားရောက်ကစားရမလဲဆိုတာ သိထားပြီးပြီဆိုတဲ့အကြောင်း ပရိသတ်တွေဆီကို အသိပေးခဲ့ပေမယ့် အက်သလက်တီကိုအသင်း ဥက္ကဌ ဆီရီဇို ကတော့ ဝေေ၀၀ါးဝါး ဖြစ်နေဆဲပါ။

“သူဘယ်သွားမလဲဆိုတာ ကျွန်တော်မသိဘူး။ သူလည်းဘာမှမပြောဘူးလေ။ ဘယ်သူမှလည်း ကျွန်တော့်ကို သူနဲ့ ပတ်သက်တဲ့အကြောင်းတွေမပြောကြသလို ဘာစီလိုနာအသင်းဆီကလည်း သူ့အတွက်ဆက်သွယ်လာမှုတွေကို အခုထိ လက်ခံမရသေးဘူး” လို့ ဆီရီဇို က ဆိုပါတယ်။

(AP Photo)

အမ်တီတီနဲ့ ဆီရီဇိုတို့ရဲ့မှတ်ချက်စကားတွေအရတော့ ဂရစ်ဇ်မန်းရဲ့အပြောင်းအရွှေ့ဟာ ဘာစီလိုနာအသင်းမဖြစ်နိုင်တော့ဘူးလို့ မီဒီယာတွေက ဖော်ပြနေကြပြီး PSG ဒါမှမဟုတ်ရင် မန်ယူ နှစ်သင်းထဲက တစ်သင်းဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြတာပါ။

လက်ရှိအခြေအနေတွေအရ အဖြစ်နိုင်ဆုံးကတော့ PSG ပဲဖြစ်ပြီး နေမာကိုရောင်းချဖို့ ပြင်ဆင်နေတဲ့ PSG ဟာ နေမာရဲ့နေရာကို ဂရစ်ဇ်မန်းနဲ့ အစားထိုးသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Linn

Source : Goal

READ  ဂရစ်ဇ်မန်းကိုပညာပေးခဲ့တဲ့ မက်ဆီရဲ့ဗီဒီယိုဖိုင် အင်တာနက်မှာရေပန်းအစားဆုံးဖြစ်နေ