ဆမ်မြူရယ်အီတိုဟာ သူ့ခေတ်သူ့အခါမှာ နိုင်ငံအတွက်၊ ကလပ်အသင်းတွေအတွက် ခြေစွမ်းပြကစားခဲ့တဲ့ ထိပ်သီးတိုက်စစ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး၊ တကယ့် ဒိတ်ဒိတ်ကြဲကလပ်အသင်းတွေမှာ ကျင်လည်ခဲ့သူပါ။ လူငယ်ကစားသမားဘဝကို ကင်မရွန်းအခြေစိုက် Kadji Sport Academies မှာ စတင်ခဲ့ပြီး၊

အဲဒီနောက် ရီးယဲလူငယ်ငယ်အသင်းကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကြယ်ပွင့်တွေကြားမှာ ပွဲထွက်ခွင့်မရခဲ့တာကြောင့် အက်စပန်ညိုအစရှိတဲ့ အသင်းတွေမှာ အငှားသွားရောက် ကစားခဲ့ရပါတယ်။ (၂၀၀၄)မှာ Mallorca အသင်းကနေ ဘာကာကို ရောက်ခဲ့ပြီး၊ ထိပ်သီးကစားသမားတွေဖြစ်တဲ့ ဒင်ဟို၊ ဟင်နရီ၊ ဇာဘီ၊ အင်နီယေစတာ၊ ပွေယိုးတို့နဲ့ အတွဲညီခဲ့ပါတယ်။

ESPN

အဲဒီခေတ်အဲဒီအချိန်က သူဟာ ဘာကာရဲ့ ကီးပလေယာတစ်ဦးဖြစ်ခဲ့ပြီး၊ မက်ဆီက အရေးပါသူတစ်ယောက် မဟုတ်ခဲ့ဘူးလို့ သူက ပြောပါတယ်။ ဒါပေမယ့် ပက်ဂွါဒီယိုလာအပေါ် အတော်လေး အမြင်မကြည်ခဲ့သူဖြစ်ပြီး၊ ဂွါဒီယိုလာအနေနဲ့ သူ့ကို တောင်ပန်းရမယ်လို့တောင် သူက ပြောပါတယ်။

ဂွါဒီယိုလာဟာ (၂၀၀၈)ခုနှစ်မှာ ဘာကာနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး အီတိုက သူ့ကို ပုံမှန်နေရာမပေးတဲ့အတွက် (၂၀၀၉)ခုနှစ်မှာ အင်တာကို ပြောင်းရွှေ့ခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာအပေါ်မှာ အညှိုးအတေးတွေ ရှိခဲ့ပြီး၊ “ဘောလုံးနည်းစနစ်နဲ့ ကစားကွက်ကို နားမလည်သူ ”လို့ ဝေဖန်ခဲ့ပါတယ်။

အီတိုက “ ကျွန်တော် ပက်ကို ပြောခဲ့တယ် … ခင်ဗျား ကျွန်တော့်ကို နောင်တစ်ချိန်မှာ တောင်းကို တောင်းပန်ရမယ် … ဘာကာနိုင်ပွဲတွေကို ကျွန်တော်က လုပ်ပေးတာ .. မက်ဆီမဟုတ်ဘူး .. မက်ဆီဆိုတာ နောက်ပေါက်တဲ့ ရွှေကြာပင်ပါ”လို့ ပြောခဲ့ပါတယ်။

အီတိုဟာ ဘာကာမှာ (၅)နှစ်ကြာ ကစားခဲ့ပြီး (၂၃၄)ပွဲမှာ (၁၅၂)ဂိုးအထိ သွင်းယူခဲ့ပါတယ်။ သူဟာ ဘာကာကနေ ထွက်ခွာပြီးနောက် အင်တာ၊ ချယ်လ်ဆီး၊ အဲဗာတန်၊ ဆမ်ဒိုးရီးယား အစရှိတဲ့အသင်းတွေမှာ ဆက်လက်ကျင်လည်ခဲ့ပြီး သူ့ခေတ်သူ့အခါတုန်းကတော့ တကယ့် ထိပ်သီးကစားသမားတစ်ဦးပါ။

လင်းဇော်ကို (SportAhtar)

Source : thesun.co.uk

READ  သန့်စင်ခန်းဝင်နေချိန်မှာတောင် သွင်းဂိုးတွေလွတ်မသွားဖို့ ဖန်တီးပေးထားတဲ့ ရီးယဲလ်