ရီးယဲလ်အသင်းဥက္ကဌ ပီရက်ဇ်က ကစားသမားသစ်ခေါ်ယူမှုတွေအတွက် နည်းပြဇီဒန်းကို ပေါင်သန်း(၃၀၀)ပေးမယ်လို့ ကတိပေးလိုက်ပြီးတဲ့နောက်မှာ ရီးယဲလ်အသင်း ဘယ်ကစားသမားတွေကို ခေါ်ယူနိုင်မလဲဆိုတာ အားလုံး စိတ်ဝင်စားခဲ့ကြပါတယ်။

ရီးယဲလ်အသင်းရဲ့ အဓိက ပစ်မှတ်ကတော့ PSG တိုက်စစ်အတွဲဖြစ်တဲ့ နေမာနဲ့ ဘက်ပီ တို့ ပါပဲ။ ပီရက်ဇ်က သူ့အနေနဲ့ နှစ်ဦးစလုံးရရင်တောင် လိုချင်တယ်လို့ ၀န်ခံထားပေမယ့် တစ်ဖက်မှာလည်း PSG အသင်းပိုင်ရှင်က ငွေမလိုတဲ့ သူဌေးမျိုးဖြစ်နေတာကြောင့် နှစ်ဦးစလုံးကိုတော့ တပြိုင်တည်း လက်လွှတ်ဖို့ ရှိမယ်မထင်ပါဘူး။

Youtube

ပီရက်ဇ်က ပြင်သစ်သား ဇီဒန်းရဲ့အကူအညီနဲ့ ပြင်သစ်တိုက်စစ်မှူး ဘက်ပီ ကို ခေါ်ယူနိုင်မလားလို့ မေးခွန်းထုတ်ခဲ့ပြီး နေမာ ကို ရရင်လည်း မဆိုးဘးလို့ ခံယူထားပုံပါ။ နေမာ အတွက်ဆိုရင် PSG အသင်း ကုန်ကျထားတဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ယူရို (၂၂၂)သန်းထက် ပိုတဲ့ငွေကြေးကို အသုံးပြုသွားရမှာပါ။

တစ်ခုရှိတာက PSG အသင်းသာ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရင် နှစ်ဦးစလုံးကိုခေါ်နိုင်ဖို့ အလားအလာတွေ ရှိလာနိုင်တာပါပဲ။

AFP

ဒါ့အပြင် လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး မာနေး ၊ စပါးကွင်းလယ်ကစားသမား အဲရစ်ဆင် နဲ့ ချယ်လ်ဆီးရဲ့ ဟာဇက် တို့ကလည်းအဓိက ပစ်မှတ်တွေအဖြစ် ဆက်လက်ရှိနေပါသေးတယ်။

ပြီးခဲ့တဲ့ လတွေတုန်းက ရီးယဲလ်ဟာ မန်ယူနဲ့ သက်တမ်းတိုးဖို့ခက်နေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ပစ်မှတ်ထားနေခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ဟာ ဇီဒန်းရဲ့စိတ်ကြိုက်ပုံစံ တိုက်စစ်မှူးမျိုး မဟုတ်ခဲ့လို့ မန်ယူတို့ စိတ်သက်သာရာ ရသွားခဲ့တာပါ။

Si.com

ခံစစ်အတွက် ပေါ်တိုအသင်းနောက်ခံလူ မီလီတာအို ရောက်လာဖို့ရှိနေပြီး ဒီကစားသမားကို မန်ယူအသင်းနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးစားရမှာပါ။

ရီးယဲလ်ရဲ့အရောင်းစာရင်းထဲမှာတော့ ကွင်းလယ်လူ အစ္စကိုနဲ့ တိုက်စစ်မှူး ဂါရက်ဘေးလ်တို့ ရှိနေပြီး ကျန်တဲ့ကစားသမားတွေကတော့ အသင်းမှာ ဆက်ရှိနေဖို့များနေပါတယ်။

Linn

Source : Goal

READ  ရီးယဲလ်ကိုအနိုင်ရပြီး နာရီပိုင်းအကြာမှာထုတ်ပယ်ခံခဲ့ရတဲ့ ဘက်တစ်နည်းပြ