လာမယ့် အပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းဆီ ယူရို သန်း(၁၂၀)နဲ့  ရောက်ရှိလာတော့မယ့် ဂရစ်ဇ်မန်း ဟာ မက်ဆီအတွက် အကောင်းဆုံးအတွဲအဖက် ဖြစ်လာမလားလို့ စပိန်မီဒီယာတွေကသုံးသပ်ခဲ့ကြပါတယ်။

ဘာစီလိုနာရဲ့တိုက်စစ်က နေမာ၊ဆွာရက်ဇ်၊ မက်ဆီ တို့ရဲ့အတွဲအဖက်ကာလမှာ အကောင်းဆုံးဖြစ်ခဲ့ပြီး နေမာ ထွက်ခွာသွားတဲ့နောက် သူ့ရဲ့နေရာကို ဘယ်သူမှ အစားမ၀င်နိုင်သေးပါဘူး။ ကော်တင်ဟို ရောက်လာတယ်။ ဒါပေမယ့် ကော်တင်ဟိုကလည်း လီဗာပူးလ်မှာလို ကစားမပြနိုင်ပဲ ယုံကြည်မှုပျောက်ဆုံးနေခဲ့တယ်။

ဒမ်ဘီလီ ရောက်လာတယ်။ ဒမ်ဘီလီကလည်း မက်ဆီ၊ဆွာရက်ဇ်တို့နဲ့ အတွဲမိဖို့ထက် သူကိုယ်တိုင် ဂိုးသွင်းဖို့ကိုပဲ အားသန်နေခဲ့တယ်။

မယ်လ်ကွန်ရောက်လာတယ်။ သူ့ခြေစွမ်းက ဘာမှန်းတောင်မသိရဘူး။

AP

ဒီအခြေအနေမှာ မက်ဆီအတွက် အဓိက အတွဲအဖက်က ဆွာရက်ဇ်ပဲရှိတော့တာဖြစ်ပြီး သူ့ရဲ့သွင်းဂိုးတွေဟာ တကိုယ်တော်ထိုးဖောက်မှုတွေမဟုတ်ရင် ဆွာရက်ဇ်နဲ့အတွဲအဖက်တွေကတစ်ဆင့် ရရှိခဲ့တာ များပါတယ်။

ဒီလိုအချိန်မှာ ဂရစ်ဇ်မန်းရောက်လာတာက မက်ဆီအတွက် အားကိုးစရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး လာလီဂါမှာ အထာနပ်နေတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ နေမာရဲ့နေရာကို အစားဝင်နိုင်လိမ့်မယ်လို့ သုံးသပ်နေကြတာပါ။

AFP

ဂရစ်ဇ်မန်းသာ ရောက်လာခဲ့ရင် မယ်လ်ကွန်၊ ဒမ်ဘီလီ၊ ကော်တင်ဟို တို့အထဲက အနည်းဆုံး(၁)ယောက်ဟာ အပြောင်းအရွှေ့စာရင်းထဲကို ရောက်သွားမှာဖြစ်ပြီး ဒမ်ဘီလီက လီဗာပူးလ်ဆီ ရောက်သွားဖို့ အခြေအနေတွေ ရှိနေပါတယ်။

ရီးယဲလ်အသင်းဆီ ကစားသမားတွေရောင်းချရဖို့ရှိနေတဲ့ လီဗာပူးလ်အသင်းဟာ ဒမ်ဘီလီနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ဒေါ့တ်မွန်နည်းပြဟောင်း ကလော့ပ်အနေနဲ့  ဒမ်ဘီလီနဲ့ ပြန်လည်ဆက်သွယ်လာဖို့ရှိနေတာပါ။

AFP

တစ်ဖက်မှာလည်း ဘာစီလိုနာရဲ့ပြိုင်ဖက် ရီးယဲလ်အသင်းက ဒီရာသီမှာ အသင်းရဲ့လူစာရင်းကို အထူးအားဖြည့်တော့မှာဖြစ်ပြီး ဟာဇက်၊ ဂျိုဗစ်၊ ဘန်ဇီမာ တို့အပြင် ဆာလက် ဒါမှမဟုတ်ရင် မာနေး ထပ်ရောက်လာဦးမယ်ဆိုတဲ့ သတင်းတွေက ဘာစီလိုနာကို တကယ်ပဲ စိတ်လှုပ်ရှားစေပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘာစီလိုနာရဲ့တိုက်စစ်အတွဲသစ်ဖြစ်လာမယ့် ဂရစ်ဇ်မန်း၊ မက်ဆီ၊ ဆွာရက်ဇ်အတွဲကတော့ ရာသီသစ်မှာ ပရိသတ်တွေကို ဆွဲဆောင်ဖို့ရှိနေပြီး မက်ဆီအတွက် အားကိုးရမယ့်အသင်းဖော်ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်နေရဦးမှာပါ။

Linn

Source : Goal

READ  အက်သလက်တီကို ကစားသမားသစ် ယာအိုဖီးလစ်ရဲ့ အံ့ဖွယ်တကိုယ်တော်စွမ်းရည်