လက်ရှိအချိန်မှာ အသင်းရလဒ်တွေ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာတဲ့ ရီးယဲလ်အသင်းဟာ နောက်ဆုံးကစားထားတဲ့လာလီဂါ (၅)ပွဲမှာ (၄)ပွဲအထိ အနိုင်ရရှိခဲ့ပြီး၊ တစ်ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ စုစုပေါင်းသွင်းဂိုး (၁၁)ဂိုးအထိ ရှိခဲ့ခြင်းကလည်း ရီးယဲလ်တိုက်စစ်က လေးစားစရာဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် ထိပ်သီးကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာနဲ့ ဂါရက်ဘေးလ်တို့က အခုဆိုရင် တစ်စခန်းထလာခဲ့ပါပြီ။ တကယ်တော့ သူတို့နဲ့ နည်းပြဇီဒန်းကြားမှာ အခုမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေက အခြေတည်ခဲ့တာ မဟုတ်ပါဘူး။

AP Photo/Bernat Armangue

ဒိုလေးနဲ့ ဇီဒန်းတို့နှစ်ယောက် ရင်းနီးချစ်ခင်မှုဟာ ဘန်ဇီမာနဲ့ဂါရက်ဘေးလ်တို့ မရှုစိမ့်စရာဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒိုလေးနဲ့ ဇီဒန်းတို့ဟာ အသင်းဥက္ကဋ္ဌ ပီရက်ဇ်နဲ့ အချေအတင်ကိစ္စရပ်တွေရှိခဲ့ပြီး၊ နောက်ဆုံးတော့ အသင်းကနေ နှစ်ဦးစလုံး လက်လွှတ်ခဲ့ရသည်အထိပါ။ ဒိုလေးကတော့ ဂျူဗင်တပ်မှာ ခြေစွမ်းပြနေဆဲဖြစ်ပြီး ဇီဒန်းကတော့ ရီးယဲလ်နည်းပြအလုပ်ကို ပြန်ပြီး လက်ခံခဲ့ပါတယ်။ ဒါကလည်း ရီးယဲလ်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရသည်အထိ ခြေစွမ်းပိုင်းက အတော်လေး ဆိုးရွားခဲ့ပြီး၊ နောက်ဆုံး မရှုနိုင်မကယ်နိုင် ဖြစ်ခဲ့ရာက၊ အရည်အချင်းအပြည့်အဝရှိတဲ့ နည်းပြဇီဒန်းကို အမြန် ပြန်ခေါ်ခဲ့ရတာပါ။ ဇီးဒန်း ပြန်ရောက်တော့ ကစားကွက်က သိသိသာသာ ကောင်းလာခဲ့ပါတယ်။

ဒါပေမယ့် ယခင်ကတည်းက ပုဂ္ဂိုလ်ရေးအဆင်မပြေခဲ့တဲ့ ဘေးလ်နဲ့ ဘန်ဇီမာက အသင်းမှာ ပျော်ပုံမရတော့ပါဘူး။ သူတို့တစ်တွေဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက နည်းပြဇီဒန်းဦးဆောင်ကျင်းပတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ တစ်ခြားအသင်းသားတွေ အကုန်လာရောက်ခဲ့ပေမယ့် သူတို့နှစ်ဦးသာ မတက်ခဲ့တာပါ။

AP Photo/Paul White

ဘေးလ်ဟာ ဇီဒန်း ရီးယဲလ်ကို ပြန်ရောက်ကတည်းက အသင်းပြောင်းဖို့ အသံထွက်လာခဲ့ပြီး မန်ယူက အလိုရှိနေတယ်လို့ သတင်းတွေ ကျယ်ပြန့်လာခဲ့ပါတယ်။ ဒါပေမယ့် ထပ်ပြီးထွက်ပေါ်လာတဲ့ ကောလာဟလတွေအရ သူ့ရဲ့ပြောင်းရွှေ့ကြေးကို ရီးယဲလ်က ပေါင် (၁၁၂)သန်းအထိ အလိုရှိနေလို့ မန်ယူတို့ ငွေသားသက်သက်နဲ့ ဝယ်ဖို့မဖြစ်နိုင်ဘဲ ထိပ်သီးကစားသမား တစ်ဦးဦးကိုပါ အလိုက်သဘောမျိုး ပေးရဖွယ်ရှိနေပါတယ်။ ဥပမာ ဒီဂီယာ-လိုမျိုး ဂိုးသမားကို ရနိုင်မယ်ဆိုရင် ရီးယဲလ်တို့ အများကြီး တောင့်ခံထားဖို့ မရှိပါဘူး။

AP Photo/Paul White

ဘန်ဇီမာကတော့ (၂၀၁၉) ဇန်နဝါရီလအစောပိုင်းက ချယ်လ်ဆီးအသင်းက စိတ်ဝင်စားတဲ့ဆိုတဲ့သတင်းမျိုးတွေ အားကစားစာမျက်နှာတွေထက်မှာ ပလူပျံခဲ့ပါသေးတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ သူ့ကို ဘယ်အသင်းက စိတ်ဝင်တစားရှိတယ်ဆိုတာ ကျယ်ကျယ်ဝန့်ဝန့်တော့ မရှိသေးပါဘူး။ အာဆင်နယ်က ယခင်က စိတ်ဝင်စားတဲ့ အရိပ်အယောင်မျိုး ပြခဲပေ့မယ့် အလှမ်းဝေးခဲ့တဲ့ ပြစ်မှတ်ဖြစ်ခဲ့ပါတယ်။ အခုဖြစ်နေတဲ့ လူမှုရေးပြဿနာတွေအရ … ဒီထိပ်သီးကစားသမား နှစ်ယောက်စလုံး အသင်းမှာ ဆက်ရှိနေပါ့မလားဆိုတာ သံသယပွားစရာပါ …

နတ်စည်တော် (SportAhtar)

Source : metro.co.uk

 

READ  ပြင်သစ်တီဗီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ဘာကာနောက်ခံလူ အမ်တီတီရဲ့ အက စွမ်းရည်