တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ချယ်လ်ဆီးနဲ့ လက်စတာပွဲမှာ လက်စတာရဲ့ ချေပဂိုးကို ဖန်တီးပေးခဲ့တဲ့ တိုက်စစ်ကစားသမား ဂျိမ်း မက်ဒီဆင်က အဝေးကွင်းမှာ ချယ်လ်ဆီးကို ကစားကွက် အသာစီးနဲ့ ကစား နိုင်ခဲ့ပေမယ့် အနိုင်မရခဲ့လို့ အကြီးအကျယ် စိတ်ပျက်မိကြောင်း SkySport နဲ့ ပြုလုပ်ခဲ့တဲ့ ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။

(AP Photo/Frank Augstein)

ချယ်လ်ဆီးဟာ မေဆန်မောင့်ရဲ့ ဦးဆောင်ဂိုးနဲ့ ပွဲအစ(၇)မိနစ်တည်းက လက်စတာအသင်းကို အသာရခဲ့ပေ မယ့် အန်ဒီဒီက ပွဲချိန်(၆၇)မိနစ်မှာ လက်စတာရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ လက်စ တာအသင်းက တစ်ဖက်သတ် ဖိကစားပြီး ပွဲကိုစိုးမိုးထားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှု (၁၁)ကြိမ်အထိ ရှိခဲ့ပါ တယ်။ ချယ်လ်ဆီးဂိုးသမား ကီပါရဲ့ လက်စွမ်းပြမှုနဲ့ လက်စတာရဲ့ အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့် လက်စ တာအသင်းဟာ နိုင်ပွဲနဲ့ဝေးခဲ့ရပါတယ်။

(AP Photo/Frank Augstein)

မက်ဒီဆန်က “ ပွဲရလဒ်ကို အကြီးအကျယ် စိတ်ပျက်မိပါတယ်။ ကျွန်တော် အပါအ၀င် တစ်သင်းလုံး ရှိသမျှ အားကုန်သုံးပြီး ကြိုးစားခဲ့ပေမယ့် အနိုင်မရခဲ့လို့ တကယ်ကို စိတ်ပျက်မိတာပါ”

“စတမ်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ချယ်လ်ဆီးကို ကစားကွက် အသားစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေ အကြိမ်ကြိမ် ဖန်တီးနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ အသုံးမချနိုင်ခဲ့ပါဘူး။ ဒီပွဲကို ပြန်ကြည့်ပြီး သုံးသပ်တဲ့ အချိန်ကျရင် (၃)မှတ်မရခဲ့လို့ တစ်သင်းလုံး စိတ်ပျက်လက်ပျက် ဖြစ်နေမှာ သေချာပါတယ်”  လို့ ပြောခဲ့ပါတယ်။

Finn

READ  ကွန်တီအတွက်လျော်ကြေး(၉)သန်းချက်ချင်းပေးဖို့ အမိန့်ချခံလိုက်ရတဲ့ချယ်လ်ဆီး