ဘောလုံးလောကမှာ အောင်မြင်ကျော်ကြားလာတဲ့ ဘောလုံးသမားတွေဟာ ဖက်ရှင်လောကကိုဝင်ရောက်ပြီး ကိုယ်ပိုင် Brand တွေ ထုတ်လုပ်ကြတာ ထုံးစံလိုဖြစ်နေပါပြီ။ နာမည်အကြီးဆုံးအနေနဲ့ ရော်နယ်လ်ဒိုရဲ့ CR7 ၊ အီဘရာဟီမိုဗစ်ရဲ့ A-Z ၊ ရီယိုဖာဒီနန်ရဲ့ FIVE ၊ တင်မ်ကာဟေးလ်ရဲ့ Cahill + (or) CHL+ ၊ တယ်ရီ+ရစ်ခ်ျဝဲလ်+ဆောင်းဒါးစ်တို့ရဲ့ Thomas Royall  စတဲ့ Brand တွေက ဥရောပမှာတော့ နာမည်ကြီးပါတယ်။

အခုလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား(၂)ဦးထဲက တဦးဖြစ်တဲ့ မက်ဆီလည်း ကိုယ်ပိုင် Brand နဲ့ ဖက်ရှင်လောကကို ဝင်ရောက်လာပြီဖြစ်ပါတယ်။ နာမည်ကိုတော့ ရိုးရိုးရှင်းရှင်း Messi လို့ပဲ ပေးထားတဲ့ ကိုယ်ပိုင် Brand ကို ကြာသပတေးနေ့တုန်းက ဘာစီလိုနာမြို့မှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာမြို့က Paseo de Gracia အရပ်မှာ ဖက်ရှင်ဆိုင်ဖွင့်လှစ်ပြီး ပရိသတ်တွေကို တပါတည်း မိတ်ဆက်ခဲ့တာပါ။ ဒီစီးပွားရေးကို မက်ဆီရဲ့ ညီမဖြစ်သူ Maria Sol က အဓိကဦးစီးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Messi Brand ရဲ့ ဖက်ရှင်ဒီဇိုင်းတွေကိုလည်း တက်ဆက်ပေးလိုက်ပါတယ်။

ရော်နယ်လ်ဒို ပရိသတ်တွေအတွက် ရွေးချယ်စရာ CR7 brand ရှိနေပြီဖြစ်သလို မက်ဆီ ပရိသတ်တွေအတွက်လည်း ရွေးချယ်စရာ Messi brand ရှိနေပြီလို့ ဆိုရမှာပေါ့…..

Ko Puccy

READ  မန်ချက်စတာယူနိုက်တက်ကိုနည်းပြချင်တယ်လို့ ထုတ်ပြောလိုက်တဲ့ အာစင်ဝင်းဂါး