အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က နည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မှာဖြစ်ကြောင်း BT Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဟောကိန်းထုတ်ခဲ့ပါတယ်။

မိုက်ကယ်အိုဝင်က မန်စီးတီးနည်းပြဂွာဒီယိုလာဟာ နာမည်ကြီးနည်းပြ အတော်များများ မစွမ်းဆောင်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၂)နှစ်ဆက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ပရီးမီးယားလိဂ်မှာ သူ့အရည်အ ချင်းကို ထပ်မံသက်သေပြဖို့ မလိုတော့တာကြောင့် ဒီနှစ်မှာတော့ ချန်ပီယံလိဂ်ကို ပိုမိုအာရုံစိုက်ပြီး အရယူသွား မှာဖြစ်ကြောင်း သုံးသပ်ခဲ့တာပါ။

BTSports/YouTube

“ ချန်ပီယံလိဂ်မှာ မန်စီးတီး အောင်ပွဲခံချိန် ရောက်ပြီလို့ ကျွန်တော်ထင်ပါတယ်”

“ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို စဉ်ဆက်မပြတ် တည်ဆောက်ပြီး ချန်ပီယံလိဂ်မှာ အောင်ပွဲခံနိုင်ဖို့ ကြိုး စားခဲ့ပေမယ့် (၃)နှစ်ဆက်တိုက် မအောင်မြင်ခဲ့ပါဘူး။ လက်ရှိ အနေအထားတွေအရ လီဗာပူးလ်အတွက် အဓိက လိုအပ်တာ ပရီးမီးယားလိဂ်ဖလားဖြစ်ပြီး မန်စီးတီးအတွက် အဓိက လိုအပ်နေတာက ချန်ပီယံလိဂ်ဖ လားပါ”

“ ဂွာဒီယိုလာရဲ့ လက်ရှိမန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းတွေ ထဲမှာ ပါဝင်နေပါတယ်။ တကယ်လို့များ အနာဂတ်မှာ ဂွာဒီယိုလာဟာ မန်စီးတီးအတွက် ချန်ပီယံလိဂ် ဆုဖလား မယူပေးနိုင်ခဲ့လို့ အသင်းက ထွက်ခွာသွားခဲ့ရင်လည်း သူ့စွမ်းဆောင်မှုတွေကို ကျရှုံးတယ်ဆိုပြီး သတ်မှတ် လို့မရပါဘူး။ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ် သမိုင်းဝင် နေမှာပါ” ဆိုပြီး မိုက်ကယ်အိုဝင်က ရှင်းပြသွားခဲ့ပါတယ်။

ManCity.Com

မန်စီးတီးပရိသတ်တွေကတော့ မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းမှုကြောင့် ၀မ်းသာပျော်ရွှင်ခဲ့ရပါတယ်။ အိုဝင်ဟာ (၂၀၁၇- ၁၈) ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်း နဲ့ (၂၀၁၈-၁၉)ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းတို့ ဗိုလ်စွဲ မယ်လို့ ခန့်မှန်းခဲ့ပြီး သူ့ရဲ့ ခန့်မှန်းချက်တွေဟာ (၂)နှစ်ဆက်တိုက် မှန်ကန်ခဲ့ပါတယ်။

Finn

READ  လိဂ်ဖလားဗိုလ်လုပွဲက ကီပါရဲ့ လုပ်ရပ်အကြောင်း အမှန်အတိုင်း ဖွင့်ဟလိုက်တဲ့ ဇိုလာ