ဂျာမနီကစားသမား သောမတ်စ်မူလာက ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့တောင်းဆိုခဲ့တဲ့အကြောင်းရင်းက သူ့ကိုနည်းပြ ကိုဗက်က အရန်ခုံမှာပဲထိုင်ခိုင်းထားလို့ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ မူလာက အသင်းအနေနဲ့ သူ့ကို အရန်ကစားသမားအဖြစ်ပဲ ဆက်လက်သတ်မှတ်နေမယ်ဆိုရင် အနာဂတ်အတွက်စဉ်းစားရမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားက ပရိသတ်တွေအနေနဲ့ သူ့ရဲ့ခြေစွမ်းကို နောက် (၅)နှစ် (၆)နှစ်အကြာမှ ဝေဖန်ဆုံးဖြတ်ဖို့ ဆိုလိုက်ပါတယ်။ မက်ဂွိုင်းယားက သူဟာ မန်ယူနိုက်တက်အသင်းမှာ ကာလရှည်ဆက်ရှိနေမှာဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးပေးဆပ်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက မနှစ်တုန်းက အခွန်ကိစ္စနဲ့ တရားရင်ဆိုင်ရချိန်တုန်းက စပိန်ကနေ ထွက်သွားချင်စိတ်ဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ မက်ဆီဟာ အခွန်ငွေ တိမ်းရှောင်မှုနဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး ဘာစီလိုနာအသင်းကထွက်ချင်စိတ်ထက် စပိန်နိုင်ငံက ထွက်ချင်စိတ်ဖြစ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်က ဘာစီလိုနာအသင်းမှာ အရန်ခုံထိုင်နေရတာနဲ့ပတ်သက်ပြီး စိတ်ပျက်နေပြီဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ရာကီတစ်ဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် (၁၈၇)မိနစ်သာ ကစားထားရသေးပြီး ကစားထားတဲ့ ပွဲ(၇)ပွဲမှာလည်း (၆)ပွဲက အရန်ခုံကနေ လူစားဝင်ကစားခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ရက်ဘူးလ်ဆဲလ်ဘတ်အသင်းမှာ ခြေစွမ်းပြနေတဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဟွမ်ဟီချန်ကို ခေါ်ယူဖို့စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဟီချန်ဟာ ဒီရာသီမှာ ရက်ဘူးလ်ဆဲလ်ဘတ်အတွက် ခြေစွမ်းပြနေသူဖြစ်ပြီး ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းဘက်ကို ဂိုးသွင်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့အတွက် အသင်းရဲ့ကစားသမား(၂)ဦးဖြစ်တဲ့ အမ်မရီချန်၊ မန်ဇူကစ်တို့နဲ့ လဲလှယ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အဆိုးရွားဆုံးရာသီအဖွင့်ရလဒ်နဲ့ရင်ဆိုင်နေရပြီး ပေါ့ဘာကလည်း အသင်းကနေထွက်ခွာဖို့ တောက်လျှောက် သတင်းတွေထွက်နေခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်အသင်းဟာ လူငယ်ကစားသမား ဘရာဟင်ဒီယာ့ဇ်ကို အငှားချဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ဒီယာ့ဇ်ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလက အငှားပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမဲ့ အသင်းမှာနေရာရဖို့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့ပေမဲ့ အသင်းက အငှားချထားဖို့ပဲ ဆက်လက်ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဖီအိုရင်တီးနားအသင်းရဲ့ကစားသမား ရီဘာရီက သူ့ရဲ့အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒေါ့မွန်ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ မကြိုးစားသင့်ဘူးလို့ ပြောလိုက်ပါတယ်။ ရီဘာရီက ဘိုင်ယန်အသင်းမှာ တောင်ပံကစားသမားတွေ များပြားနေပြီး ဆန်ချိုကို မလိုအပ်ကြောင်း ပြောလိုက်တာပါ။
🗣️Franck Ribéry “Sancho is a good player, but Bayern have enough good players in this position”
Sancho 👕7 ⚽️3 🅰️ 5
Perisic 👕4 ⚽️2 🅰️ 1
Gnabry 👕6 ⚽️1 🅰️ 2🐸☕️ pic.twitter.com/k3Qe9BQh5s
— William Hill (@WilliamHill) October 9, 2019
Ko Puccy