မနေ့ညက ပွဲစဉ်မှာ လီဗာပူးလ်ပရိသတ်တွေ ချီးကျူးခံရတဲ့သူကတော့ အသင်းအတွက် အဆုံးအဖြတ် အနိုင်ဂိုးကို ဖန်တီးပေးခဲ့တဲ့ နောက်ခံလူ အာနိုးလ် ပါပဲ။

ပွဲကြို အင်တာဗျူးမှာကတည်းက ဘာစီလိုနာကို မထင်မှတ်ထားတဲ့ ဂိုးရလဒ်မျိုးနဲ့အနိုင်ယူသွားမယ်လို့ ကြုံးဝါးခဲ့တဲ့ အာနိုးလ်ဟာ ပွဲချိန် (၇၉)မိနစ်မှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ဘာစီလိုနာ ကစားသမားတွေရဲ့ အလစ်အငိုက်ကို စောင့်ပြီး ပေးပို့ခဲ့တာပါ။

Twitter

ရုပ်သံပြကွက်တွေမှာ အာနိုးလ်ဟာ ထောင့်ကန်ဘောကို မကန်ပဲ နေရာကနေ ထွက်လာမလို လုပ်ပြီးတော့မှ အမြန်ပြန်လှည့်ပြီး ကန်တင်ပေးပို့လိုက်တာပါ။ အဲဒီအချိန်မှာပဲ  ဂိုးရှေ့မှာအသင့်ရှိနေတဲ့ တိုက်စစ်မှူး အိုရီဂီ က ပိတ်သွင်းလိုက်တာဖြစ်ပြီး အသင်းအတွက် နောက်တစ်ဆင့်တက်မယ့် အနိုင်ဂိုး ဖြစ်သွားခဲ့ပါတယ်။

ဘာစီလိုနာ ကစားသမားတွေကတော့ မထင်မှတ်တဲ့ပေးပို့မှုအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိပဲ ဘောလုံးရောက်လာချိန်မှာ နောက်ခံလူ ပီကေးကလွဲလို့ အားလုံးက ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့ကြတာပါ။

Twitter

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ ကတော့ ခံစစ်ကစားသမားတွေရဲ့ ပွဲအပေါ် အာရုံစူးစိုက်မှု လျော့နည်းတာကို စိတ်ပျက်နေပုံရပြီး ပထမအကျော့တုန်းက ခြေစွမ်းပြထားမှုကိုလည်း မေ့ပစ်လိုက်ရပုံပါပဲ။

ပွဲအပြီးမှာတော့ လီဗာပူးလ်ပရိသတ်တွေက အာနိုးလ်ဟာ ပါးနပ်မှုအပြည့်ရှိတဲ့ ကစားသမားတစ်ဦးလို့ ချီးကျူးသွားခဲ့ပြီး သူ့ရဲ့ကြိုးစားမှုဟာ ဒီညမှာ အဓိက ကျခဲ့တယ်လို့  မှတ်ချက်ပေးခဲ့ကြပါတယ်။

Linn

Source : Twitter

READ  ဥရောပ ထိပ်သီး လိဂ် (၅)ခုမှာ ဘယ်သူ ဂိုးသွင်းအများဆုံးလဲ