မနေ့ညက ကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဗလင်စီယာအသင်းက (၂-၄)နဲ့ အရှုံးပေးခဲ့ရပြီး သူတို့အတွက် ကံဆိုးတဲ့နေ့တစ်နေ့ ဖြစ်ခဲ့တာပါ။

ဒါပေမယ့် တကယ်တမ်းမှာတော့ သူတို့ထက်ပိုပြီး ကံဆိုးတဲ့သူတစ်ယောက် ရှိနေခဲ့ပါသေးတယ်။ အဲဒါကတော့ Gol TV ရဲ့ သတင်းကြေညာသူတစ်ယောက်ဖြစ်တဲ့ မိုနီကာ ပဲဖြစ်ပြီး သူမဟာ ပွဲမတိုင်မီ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှု ပြုလုပ်ဖို့ ကွင်းအတွင်းကို ၀င်ရောက်လာခဲ့တဲ့သူပါ။

beIn TV

သူမ ၀င်ရောက်လာတဲ့အချိန်မှာ နှစ်ဖက်ကစားသမားတွေက ကွင်းအတွင်းမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေကြပြီး သူမက အာဆင်နယ်ကစားသမားတွေ လေ့ကျင့်ခန်းလုပ်နေတဲ့ ကွင်းဖက်ခြမ်းမှာ တိုက်ရိုက်သတင်းကြေညာဖို့အတွက် စတင်နေခဲ့တာပါ။

အဲဒီအချိန်မှာပဲ အာဆင်နယ်ကစားသမားတစ်ဦး ကန်လိုက်တဲ့ဘောလုံးက သူမဆီကို တည့်တည့်ရောက်လာခဲ့ပြီး နောက်စေ့တည့်တည့်ကို ထိမှန်သွားခဲ့ပါတော့တယ်။

bein sports

စက္ကန့်ပိုင်းသာကြာမြင့်တဲ့ ဗီဒီယိုဖိုင်လေးထဲမှာ သူမဆီကို ရောက်လာတဲ့ဘောလုံးကို အမျိုးသားတစ်ဦးက ကာကွယ်ပေးဖို့ ကြိုးစားခဲ့သေးပေမယ့် လွဲချော်သွားခဲ့ပြီး သူမဆီကို တည့်တည့်ထိမှန်သွားခဲ့တာပါ။

အရှိန်လည်းများသလို၊ အားလည်းပါတဲ့ ထိချက်ကြောင့် မှောက်လဲမလိုတောင် ဖြစ်သွားခဲ့ပြီး သူမတော်တော်လေး နာသွားမှာပဲလို့ ကြည့်ရှုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

ဆိုရှယ်မီဒီယာတွေထက်မှာတော့ ဒီ ဗီဒီယိုဖိုင်လေးက နာမည်ကြီးနေခဲ့ပြီး ဗလင်စီယာအသင်းထက် ကံဆိုးတဲ့ အမျိုးသမီးလို့ ကြည့်ရှုသူတွေက ခေါင်းစဉ်တပ်ခဲ့ကြတာပါ။

Linn

Source : Dailymail

 

READ  အက်ရှင်မင်းသား စတားလုံး ဂိုက်ဖမ်းပြီး အက်ဒရီယန်ကို ချီးကျူးခဲ့တဲ့ ကလော့ပ်