ဒီတစ်ပတ် ကစားခဲ့တဲ့ ၀က်စ်ဘရွန်းအသင်းနဲ့ ဆွမ်ဆီးအသင်းတို့ ကစားခဲ့တဲ့ ချန်ပီယံရှစ် ပွဲစဉ်မှာ ၀က်စ်ဘရွန်းအသင်းက (၃-၀)နဲ့ အနိုင်ရခဲ့တာပါ။ အဲဒီပွဲမှာ ဗီလိန်ဖြစ်ခဲ့သူကတော့ ဆွမ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဆီလီနာ ပဲဖြစ်ပြီး အသက်(၂၂)နှစ်အရွယ် ကိုဆိုဗို တိုက်စစ်မှူးဟာ သူကန်သွင်းခဲ့ရတဲ့ ပင်နယ်တီဂိုးကို ဆိုးဆိုးရွားရွား လွဲချော်သွားခဲ့ပါတယ်။

TheSun

ဆီလီနာ တစ်ယောက် ပင်နယ်တီ ကန်သွင်းခွင့်ရတဲ့အချိန်က ပွဲချိန် မိနစ် (၄၀)မှာ ဖြစ်ပြီး အဲဒီအချိန်မှာ ၀က်စ်ဘရွန်းက (၁-၀)နဲ့ ဦးဆောင်နေခဲ့တာပါ။

ဆီလီနာ သာ ပင်နယ်တီ ၀င်ခဲ့မယ်ဆိုရင် အဖြေဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သေးတာမို့ ပရိသတ်တွေရော၊ နည်းပြနဲ့ အသင်းဖော်တွေပါ စိတ်လှုပ်ရှားခဲ့ရပါတယ်။

ဒါပေမယ့် ဆီလီနာ ကတော့ ဘောလုံးကန်ဖို့ အရှိန်ယူပြေးလာခဲ့ပြီး ဘောလုံးနားရောက်ကာမှ ခြေချော်လဲကျသွားခဲ့လို့ ဘောလုံးဟာသူ့အရှေ့ ခပ်လှမ်းလှမ်းကိုသာ ရောက်ရှိသွားခဲ့တာပါ။ အနောက်ကနေ ပြေးဝင်လာတဲ့ ၀က်စ်ဘရွန်းနောက်ခံလူတွေက ဘောလုံးကို ဖျက်ထုတ်နိုင်ခဲ့ပြီး ချေပဂိုး ဖြစ်နိုင်တဲ့အခွင့်အရေးလည်း ဆုံးရှုံးခဲ့ရတာပါ။

ပရိသတ်တွေကတော့ ဆီလီနာဟာ ဂျွန်တယ်ရီနဲ့တူတဲ့ ကစားသမားဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး သူ့ရဲ့ ပင်နယ်တီ လွဲချော်ပုံဟာ (၂၀၀၈)ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ဂျွန်တယ်ရီ ပင်နယ်တီ လွဲခဲ့တာနဲ့တောင် တူနေသေးတယ်လို့ ဟာသလုပ်ခဲ့ကြပါတယ်။

ဂျွန်တယ်ရီဟာ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ကစားခဲ့ကြတဲ့ (၂၀၀၈)ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ ပင်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာ သူကန်သွင်းရတဲ့ ပင်နယ်တီကို လွဲချော်ခဲ့ရတာပါ။ အဲဒီအချိန်တုန်းကလည်း အခုလိုပဲ ခြေချော်သွားခဲ့တာဖြစ်ပြီး ဘောလုံးက ဂိုးတိုင်ကို ထိကာ ဘေးထွက်သွားခဲ့ပါတယ်။ အဲဒီ လွဲချော်မှုကပဲ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဆုဖလားနဲ့ လွဲချော်စေခဲ့ပြီး တယ်ရီတစ်ယောက် အခုအချိန်အထိ လှောင်ပြောင်ခံနေရဆဲပါ။

Linn

Source : Dailymail

READ  ပရိသတ်တွေလက်ဖျားခါသွားခဲ့တဲ့ အိုဒီဂတ်ရဲ့စကေး