အင်္ဂလန်၊ လိဂ်(၂) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကာလစ်စလီအသင်းနဲ့ နော့စ်ကောင်တီ အသင်းတို့ ပွဲစဉ်မှာတော့ ကာလစ်စလီတိုက်စစ်မှူး ဟယ်လန် ဟုပ် ရဲ့ သွင်းဂိုးတစ်ဂိုးဟာ သဘောကျဖို့ကောင်းသလို ၊ ပရိသတ်တွေကို စိတ်လည်းညစ်သွားစေခဲ့ပါတယ်။

အဲဒီပွဲမှာ ကာလစ်စလီအသင်းက ဧည့်သည်အသင်းကို (၁-၃) ဂိုးနဲ့ ရှုံးခဲ့တာဖြစ်ပြီး ဟုပ် သွင်းယူခဲ့တဲ့ ဂိုးက ကာလစ်စလီအတွက် တစ်လုံးတည်းသော ချေပဂိုး ဖြစ်ခဲ့ပါတယ်။

Twitter

ပွဲချိန် (၇၆)မိနစ် ၊ နော့စ်ကောင်တီ အသင်းက (၀-၂)ဂိုးနဲ့ နိုင်နေချိန်မှာ နော့စ်ကောင်တီဂိုးသမား ရွိုင်ယန် ရှိုးဖီးလ်က ဘောလုံးကို ကွင်းလယ်ဆီ ကန်တင်ဖို့ ပြင်ဆင်နေတာပါ။ အဲဒီအချိန်မှာ ဟုပ် က ဂိုးသမားရဲ့အနောက်ဖက် ၊ ဂိုးတိုင်နားမှာရှိနေခဲ့ပြီး ဂိုးသမား ဘောလုံးလွှတ်ချမယ့်အချိန်ကို စောင့်နေခဲ့တာပါ။

Twitter

ဂိုးသမားကလည်း သူ့ရဲ့အနောက်မှာ ပြိုင်ဖက်ကစားသမားတစ်ယောက်ရှိမှန်း သတိမထားမိခဲ့ပဲ ဘောလုံးကို ကွင်းလယ်ဆီ ကန်တင်ဖို့အတွက် မြက်ခင်းပေါ်ကို ပစ်ချပြီး အရှေ့ဖက်ဆီ နည်းနည်းလှိမ့်လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ အနောက်မှာ ချောင်းနေတဲ့ ဟုပ် က အပြေးရောက်လာပြီး ဘောလုံးကို လုကာ ဂိုးအဖြစ် ပြောင်းလဲလိုက်တာပါ။ ဂိုးသမား လိုက်လံကာကွယ်ပေမယ့် အချိန် မမှီတော့ပါဘူး။

Twitter

အဲဒီသွင်းဂိုးက ကာလစ်စလီအသင်းအတွက် ချေပဂိုးတစ်ဂိုးဖြစ်ခဲ့ပေမယ့် နောက်ထပ် လိုအပ်နေတဲ့ ချေပဂိုးတစ်ဂိုးကို အိမ်ရှင်အသင်း မသွင်းနိုင်တော့တဲ့အပြင် နာကျင်အချိန်ပိုမှာ ဧည့်သည်အသင်းရဲ့ သွင်းဂိုးတစ်ဂိုးကိုတောင် ထပ်ပြီး ခွင့်ပြုလိုက်ရပါသေးတယ်။

ပွဲအပြီးမှာတော့ ဒီ သွင်းဂိုးက ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကျော်သွားခဲ့ပြီး ဒါဟာ အားကစားစိတ်ဓာတ်မရှိတဲ့ ဘောလုံးသမားတစ်ယောက်ရဲ့ လုပ်ရပ်လို့ အချို့က ဝေဖန်နေကြသလို၊ အချို့ကလည်း ဟုပ်အနေနဲ့ စည်းကမ်းဘောင်အတွင်းက လုပ်တာဖြစ်လို့ မှန်ကန်ကြောင်း ထောက်ခံခဲ့ကြပါတယ်။

Linn

Source : Dailymail

READ  နာမည်ကြီးတိုက်ခိုက်ရေးသမား မက်ဂရီဂေါ်လို အောင်ပွဲခံခဲ့လို့ လှောင်ပြောင်ခံနေရတဲ့ ရာမို့စ်