လော့စ်အိန်ဂျလိစ်အသင်းနဲ့ ပေါ့တ်လန်းတင်းဘား အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မေဂျာလိဂ်ပွဲစဉ်မှာ လော့စ်အိန်ဂျလိစ်အသင်းတိုက်စစ်မှူး ဒီယေဂို ရော့ဆီ ရဲ့ ဟန်ဆောင်ဒိုင်ဗင်ဟာ ပရိသတ်တွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်အသင်းက (၄-၁)အသင်းနဲ့ နိုင်ခဲ့တဲ့ အဲဒီပွဲစဉ်ရဲ့ ပွဲချိန် (၇၂)မိနစ်မှာ ပေါ့တ်လန်းကွင်းလယ်လူ ဒီယေဂိုချာရာ က သူ့ရှေ့ကနေ ဘောလုံးဆွဲပြေးသွားတဲ့ ရော့ဆီရဲ့နားရွက်ကို လှမ်းဆွဲခဲ့ပြီး ရော့ဆီက ဒိုင်ဗင်ပစ်ကာ လှဲချခဲ့တာပါ။

Dailymail

ရုပ်သံအနှေးပြကွက်တွေမှာတော့ ချာရာရဲ့ လက်ဟာ နားရွက်ကို ထိရုံသာ ထိခဲ့ပေမယ့် ရော့ဆီကတော့ ကွင်းလယ်ဒိုင်အရှေ့မှာ လဲကျသွားခဲ့ပြီး ချာရာလည်း နှစ်ဝါ တစ်နီ နဲ့ ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။

Dailymail

ပရိသတ်တွေကတော့ ရော့ဆီရဲ့ ဟန်ဆောင်ပုံကို ဝေဖန်ခဲ့ကြပြီး အသင်း (၄-၁)နဲ့ နိုင်နေတဲ့အချိန်မှာတောင်မှ ဒီလိုအပြုအမူမျိုး ပြုလုပ်သေးတယ်လို့ မှတ်ချက်ချခဲ့ကြတာပါ။

တချို့ကလည်း ရော့ဆီရဲ့ လဲကျမှုဟာ Platoon ရုပ်ရှင်ကားထဲက ၀ီလျံ ဒါဖိုး တစ်ယောက် သေနတ်မှန်သွားတဲ့ အတိုင်းပဲလို့ လှောင်ပြောင်နေကြပါတယ်။

Youtube

လော့စ်အိန်ဂျလိစ်အသင်းမှာ အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း ကားလို့စ်ဗီလာ လည်း ကစားနေပြီး မေဂျာလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်(၂)မှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။

Linn

Source : Dailymail , Twitter

READ  လှပတဲ့နောက်ပြန်ကန်ချက်ကြောင့် အနီကတ်အပြခံလိုက်ရတဲ့ ကစားသမား