လက်ရှိအချိန်မှာ နည်းပြလောကထဲကို ပြန်လည်ခြေချဖို့ပြင်ဆင်နေတဲ့ အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်း အာစင်ဝင်းဂါးဟာ အားကစားရေးရာ၊ နည်းစနစ်ရေးရာ သုံးသပ်သူအဖြစ်လည်း ဆောက်ရွက်နေပါတယ်။ သူဟာ ယမန်နေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာ ဗန်ဒိုက်ရဲ့ လူကပ်ပုံ ညံ့ဖျင်းမှုကို ထောက်ပြခဲ့ပါတယ်။

ဒီအခြေအနေကြောင့် ဗန်ဒိုက်ဟာ လီဗာပူးကို ပေးဂိုးတစ်ဂိုး ခွင့်ပြုစေခဲ့ရကြောင်း ဝင်းဂါးက ထောက်ပြခဲ့တာပါ။ ဝင်းဂါးက “ ဗန်ဒိုက်ဟာ အခြေအနေကို မေ့ထားပြီး၊ သူဟာ တုန့်ပြန်ဖို့ငြင်းဆန်ခဲ့သူ-လို့ ပြစ်တင်ဝေဖန်လိုက်တာပါ။ ဆွာရက်ဇ်ကလည်း ဗန်ဒိုက်ရဲ့ လစ်သွားတဲ့ အားနည်းချက်ကနေ ဖောက်ထွက်ပြီး ဂိုးသွင်းယူခဲ့တာကို တွေ့ရပါတယ်။

The Sun

ဖာဒီနန်ကတော့ ဒီအဖွင့်ဂိုးဟာ ဗန်ဒိုက်ရဲ့အမှားကြောင့် ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။ ဗန်ဒိုက်ဟာ ထိပ်သီးနောက်ခံလူတစ်ဦး ဖြစ်သော်လည်း အခုလို ကျဉ်းထဲကြပ်ထဲ အခြေအနေမျိုးမှာ လူကပ်ဖို့လစ်ဟာနေတဲ့ကိစ္စဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

ဖာဒီနန်က “ သူ ဆွာရက်ဇ်ကို မြင်နေရတယ် … သူက ဘောလုံးတောင်းနေပြီလေ … ဒါက နားလည်ရခက်တဲ့ အခြေအနေ မဟုတ်ပါဘူး … ဒါကို ဗန်ဒိုက်က လစ်လျှူရှုလိုက်တယ် … သူ တုံ့နှေးနေတယ် … ဒီလိုတုံ့နှေးမှုဟာ ရာဇဝတ်မှုကျူးလွန်ခြင်းပဲ”လို့ နစ်နစ်နာနာ ဝေဖန်ခဲ့တာပါ။

(AP Photo/Joan Monfort)

ယမန်နေ့ညကပွဲမှာ လီဗာပူးဟာ မက်ဆီကို အဓိက နေရာလွတ်မပေးရေး ဦးစားပေး ကစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ဘဲ၊ ဒုတိယနဲ့ တတိယဂိုးတွေကို မက်ဆီကပဲ သွင်းယူပေးခဲ့တာပါ။ ဒီရှုံးပွဲကြောင့် လီဗာပူးဟာ နောက်တစ်ကြော့မှာ အိမ်ကွင်းမှာ ကစားရမှာဆိုပေမယ့် အတော်လေးကို ဖိအားတွေ ဝင်ရောက်သွားခဲ့ပါပြီ။

 

လင်းသုတ (SportsAhtar)

Source : thesun.co.uk

READ  ကစားသမား(၇)ယောက်သာထည့်ကစားနိုင်ခဲ့တဲ့ Serie C ကလပ်အသင်း(၂၀-၀)နဲ့ရှုံး