ဘရာဇီးအသင်းရဲ့ ဂန္ဓ၀င်တိုက်စစ်မှူးကြီး ရိုနယ်ဒိုကတော့ မက်ဆီတစ်ယောက်ကို ဘာပဲဖြစ်ဖြစ် အကောင်းမြင်ပေးနေကြတဲ့ ဘာစီလိုနာပရိသတ်တွေကို ဝေဖန်လိုက်ပါတယ်။ ဘာစီလိုနာက လီဗာပူးလ်ကို (၄-၀)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘာစီလိုနာ ပရိသတ်တွေက ရှုံးပွဲအတွက် နည်းပြ၊ ခံစစ်ကစားသမားတွေနဲ့ ကော်တင်ဟို တို့ကို အပြစ်တင်ခဲ့ကြပြီး အဲဒီအပေါ် ရိုနယ်ဒိုက ဝေဖန်လိုက်တာပါ။

AFP

ရီးယဲလ်အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့ပြီး ဘာစီလိုနာ ပရိသတ်တွေနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ ရိုနယ်ဒို က ဘာကာပရိသတ်တွေဟာ မက်ဆီဘာပဲလုပ်လုပ် အကောင်းမြင်ကြသူတွေအဖြစ် သတ်မှတ်ခဲ့ပြီး တခြားအသင်းဖော်တွေထက် သာလွန်တဲ့အကောင်းမြင်မှုကို ရရှိနေသူလို့ ခေါင်းစဉ်တပ်လိုက်တာပါ။

AFP

လီဗာပူးလ်နဲ့ပွဲစဉ်အပြီးမှာ ဆေးစစ်မှုတွေပြုလုပ်နေခဲ့တာကြောင့် ဘာစီလိုနာကို တစ်ကိုယ်တော် ပြန်ခဲ့ရတဲ့ မက်ဆီဟာ လီဗာပူးလ်လေဆိပ်မှာ ဒေါသအိုးပေါက်ကွဲနေတဲ့ ဘာစီလိုနာပရိသတ်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပရိသတ်တွေက မက်ဆီကို မြင်တဲ့အခါ ၀ိုင်းပြီး ချီးကျူးသြဘာပေးနေတဲ့ ဗီဒီယိုဖိုင်တစ်ခု ပြီးခဲ့တဲ့ရက်ကပဲ တက်လာခဲ့ပါသေးတယ်။

AFP

“ဘာစီလိုနာပရိသတ်တွေဟာ မက်ဆီအပေါ်ကို အလွန်အမင်းအကောင်းမြင်လွန်းနေကြပါတယ်။ နိုင်ပွဲရတဲ့အခါ မက်ဆီကြောင့်ဆိုပြီး ခေါင်းစဉ်တပ်ကြပေမယ့် ရှုံးပွဲကြုံတဲ့အချိန်မှာတော့ နည်းပြနဲ့တခြားကစားသမားတွေက အပြစ်တင်ခံကြရတာပါ။ ကျွန်တော့်အမြင်မှာတော့ ဒါက မမျှတဘူးလို့ထင်တာပါပဲ” လို့ ရိုနယ်ဒိုက ဆိုပါတယ်။

ဒါ့အပြင် ရိုနယ်ဒိုက ဘာစီလိုနာကို လီဗာပူးလ်အသင်းကျော်ဖြတ်နိုင်ခဲ့ခြင်းကို အံ့အားသင့်မိကြောင်း ၀န်ခံသွားခဲ့ပြီး ဘောလုံးမှာ ခြေစွမ်းထက် စိတ်ဓာတ်ပိုင်းဆိုင်ရာက ပိုမိုအရေးကြီးတယ်ဆိုတာ ပြသနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : ESPN

READ  ဥရုဂွေး ဂန္ထဝင်ကစားသမားကြီး ဒီယေဂိုဖော်လန် ကစားသမားဘဝက အနားယူပြီ